Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – အမြင့်လမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း Lightning People Defence က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာသို့ မေလ၂၄ရက် နံနက်၁၀ နာရီကတည်းက အင်အား၄၀ ခန့် ဖြင့်ရောက်ရှိနေပြီး နှစ်ရက်ကြာ တပ်စွဲခဲ့သည်။

ယနေ့(မေလ၂၆)နံနက်၁၀ နာရီခန့်တွင် ထိုစစ်ကောင်စီတပ်များ မုံရွာဘက်သို့အပြန် မဟာမိတ် ၁၀ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း ကျဆုံးကြောင်း Lightning People Defence Forceက ပြောသည်။

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အကြမ်းဖက်စစ်တပ်၏ မိုင်းရှင်းလင်းရေးအဖွဲ့သည် ထနောင်းတောမြောက်ရွာနှင့် ရွှေစုံရွာကြားတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြည်သူတစ်ဦးပစ်သတ်ခံရကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

“မိုင်းခွဲတိုက်ခိုက်သံကိုကြား၍ လမ်းသွားလာသူပြည်သူတစ်ဦးက နောက်ကိုပြန်လှည့်စဥ် စစ်ကားများမှ ၄င်းကိုမှီလာပြီး ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားပါတယ်။”ဟု မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

အဆိုပါစစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း(၃) မှ ညီနောင်မဟာမိတ်များဖြစ်သည့် Lightning People Defence Force၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Chaung U Local Defence Force တို့မှ ဦးဆောင်ပြီးMonywa Peregrine PDF ၊ Black Wolf Defence force ၊ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊ Farmers Revolution Force CHU ၊ Black Eagle People’s Defence Force ၊ Monywa Brave Hearts MBH ၊Dragon Brother’s PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

မုံရွာမြို့ပေါ်တွင်လည်း မြို့ပြပြောက်ကျားအဖွဲ့များက အနက်ရောင်စစ်ဆင်ရေးအဖြစ် မြို့တွင်းဖောက်ခွဲမှုနှင့် တိုက်ခို​က်မှုများ ​ပြုလုပ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူများနှင့်ပူး​ပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။

သတင်း

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် KNDF အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၁၅ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ ရဲဘော် ၆ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။