Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် စစ်​ကောင်စီကိုအဓိကတိုက်နေ​သော ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေး

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူများနှင့်ပူး​ပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။

(ကုလလုံခြုံ​ရေး​ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် စစ်​ကောင်စီကိုအဓိကတိုက်​နေ​သော ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအလွတ်သ​​​​ဘော​ဆွေး​နွေးစဥ်။ ။ဓါတ်ပုံ-KPICT)

●စစ်တပ်ဝင်ငွေလမ်းကြောင်းဖြတ်တောက်ရေးအပါအဝင် အရေးကြီးအ​ကြောင်းအရာ​လေးခုဆွေးနွေးခဲ့ဟု KPICT အသိပေး

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ကရင်၊ ကချင်၊ ကရင်နီနှင့် ချင်းလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မေလ ၂၅ရက်က တွေ့ဆုံ၍ မြန်မာနိုင်ငံအရေးကိစ္စများအပေါ် အလွတ်သ​ဘော ဆွေးနွေးခဲ့သည်။

Norway Mission အစီအစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲသို့ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် ကချင်နိုင်ငံရေးအင်အားစုများဖြင့်ဖွဲ့စည်းထားသည့် ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရေးအဖွဲ့(KPICT)အတွင်းရေးမှူး Salang Nsang Gum San အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကရင်နီ ကိုယ်စားလှယ် တို့ တက်ရောက်သည်ကို KPICTက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ တွေ့ရသည်။

(ကုလလုံခြုံ​ရေး​ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် စစ်​ကောင်စီကိုအဓိကတိုက်​နေ​သော ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအလွတ်သ​​​​ဘော​ဆွေး​နွေးစဥ်။ ။ဓါတ်ပုံ-KPICT)

အဆိုပါ ဆွေးနွေးပွဲတွင် အဓိကတင်ပြခဲ့သောအချက်များမှာ(၁) စစ်တပ်၏ အဓိကငွေကြေးထောက်တိုင်ကြီးတစ်ရပ်ဖြစ်သည့် ရေနံလုပ်ငန်းမှ ဝင်ငွေလမ်းကြောင်းများအား ဖြတ်တောက်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ (၂)ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးရန် အလွန်အရေးကြီးကြောင်း၊ (၃) လိုအပ်သော လူသားချင်းစာနာကူညီရေး အထောက်အပံ့များအားအိမ်နီးချင်းနိုင်ငံတို့၏ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူပို့ဆောင်နိုင်ရာတွင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နှင့် (၄) အာဆီယံနိုင်ငံတို့မှပူးပေါင်းဆွေးနွေးရန်လမ်းစဉ်အကောင်အထည်ဖော်ရေး တိုက်တွန်းနေခြင်းမှာ ငြိမ်းခါနီးသည့်မီးတောက်အား၊ အသက်ပြန်သွင်းသည့်အသွင် မဖြစ်စေရန် အရေးကြီးကြောင်း အချက် များဖြစ်သည်ဟု KPICTက ထုတ်ပြန်သည်။

(ကုလလုံခြုံ​ရေး​ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် စစ်​ကောင်စီကိုအဓိကတိုက်​နေ​သော ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအလွတ်သ​​​​ဘော​ဆွေး​နွေးစဥ်။ ။ဓါတ်ပုံ-KPICT)

အဆိုပါ အချက်များအပြင် အခြားအရေးကြီး ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်းအသေးစိတ်ဖော်ပြမထားပေ။

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူများနှင့်ပူး​ပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် KNDF အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၁၅ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးခဲ့ပြီး ကာကွယ် ရေးပူးပေါင်းတပ်မှ ရဲဘော် ၆ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။