Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သားနှင့်ရဲ လက်နက်နှင့်အတူ အလင်းဝင်လာပါက ကျပ်သိန်း ၃၀ပေးမည်ဟု ရှမ်းတောင်မှ အမှတ်(၁၀၀၈) တပ်ရင်း ကြေညာ

အမှတ်(၁၀၀၈)တပ်ရင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ညောင်ရွှေအစပ် တိုက်ပွဲများ၌ အခြား တော် လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဓမ္မဘက်ခိုလှုံလိုသော စစ်သားနှင့် ရဲများအတွက် လက်နက်နှင့်အတူ အလင်းဝင်ပါက ဆုကြေးငွေ ကျပ်သိန်း ၃၀နှင့် လုံခြုံရေးအပြည့်အ၀ အာမခံပေးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် အမှတ်(၁၀၀၈)တပ်ရင်းက ယနေ့ ကြေညာသည်။

“သမိုင်းမှာ အမဲစက်မစွန်းဖို့ရာ နောက်ဆုံးအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပါ”ဟု လည်းကြေညာချက်၌ ဖော်ပြထားသည်။

ရှမ်းတောင်ရှိ စစ်တပ်အတော်များများ၌ CDM လုပ်ချင်သည့် ရဲဘော် စစ်သားများရှိနေသေးသည်ကို ကြားသိရကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ အသုံးချခံ အဖွဲ့အစည်းအောက်၌ မနေချင်သည့် ရဲဘော်များလည်းရှိကြောင်း အမှတ်(၁၀၀၈)တပ်ရင်းက ဆိုသည်။

Public Service Announcement

“ဒါကြောင့် မိမိတို့၁၀၀၈ တပ်ရင်းဆီသို့ဟိုဖက်ကပြေးလာလာ ဒီဖက်ကပြေးလာလာဘာကိုယ် ရေးလှို့ဝှက်ချက်မှ မပေါက်ကြားစေရပါဘူးလို့အာမခံပါတယ်။ နိုင်ငံခြားဘဲသွားသွားပြည်သူ့ ရင်ခွင်ထဲနေပီး ပြည်သူဖက်ကနေပြန်တိုက်ကူလို့လည်းရပါတယ်။ လက်နက်တစ်ခုခုယူ လာတာဖြစ်ဖြစ်လက်နက်စခန်းကိုမီးရှို့တာဖြစ်ဖြစ် လုပ်ခဲ့ပေါ့ဗျာ။ ”ဟု အမှတ် (၁၀၀၈)တပ်ရင်း၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အမှတ်(၁၀၀၈)တပ်ရင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ညောင်ရွှေအစပ် တိုက်ပွဲများ၌ အခြား တော် လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

တိုက်ပွဲများ ပြန်ဖြစ်လာပါက ၂၀၁၅ နောက်ပိုင်းကတည်းက လမ်းခရီးသွားလာရေး အခက်အခဲရှိနေသည့်ဒေသ၌ ပိုမိုတင်းကြပ်မှုများ ဖြစ်လာနိုင်ကြောင်း ဒေသခံက ပြောသည်။

News

ပြည်သူလူထု၏ထောက်ခံအား ပေးမှုမရှိသောအာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK- 22 ​သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ ရဲတပ်သားမှ...

News

ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့်အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။

News

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။