Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗြိတိန် အာရှရေးရာ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ လန်ဒန် နိုင်ငံခြားရေးရုံး၌ တွေ့ဆုံ

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

Photo - Amanda Milling/Twitter

▪️NUGကို အားပေးထောက်ခံကြောင်း ဗြိတိန်ဝန်ကြီးပြော

▪️NUG၏ နိုင်ငံတကာဆက်ဆံရေး တဆင့်ပြီးတဆင့်တက်လာဟုဆို

ဗြိတိန်နိုင်ငံခြားရေး၊ အာရှနှင့် အရှေ့အလယ်ပိုင်းဝန်ကြီး အမန်ဒါမီလ်လင်းသည် NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် လန်ဒန်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ယမန်နေ့တွင် လက်ခံတွေ့ဆုံ သည်။

“ဒေါက်တာဇော်ဝေစိုးကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရလို့ ဝမ်းသာပါတယ်။ ကျွန်မရဲ့ သတင်းစကားက ရှင်းပါတယ်။ ကျွန်မတို့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာပါပဲ”ဟု ဗြိတိန်ဝန်ကြီး အမန်ဒါမီလ်လင်းက ၎င်း၏ တွစ်တာမှ အသိပေးသည်။

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

မေလ ဒုတိယပတ်တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်၊ ဝါရှင်တန်ခရီးစဥ်အပြီး ဒေါက်တာဇော်ဝေစိုးက ဗြိတိန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းသို့ NUG ၏ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ တဆင့်ပြီး တဆင့်တိုးမြှင့်ဖွင့်လှစ်နေပြီဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“နိုင်ငံတကာ သံတမန်စာမျက်နှာတွေကို ထိုးဖောက်တဲ့ရည်ရွယ်ချက်ကတော့ ရက်စက်ယုတ်မာလှတဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးဖယ်ရှားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်ရေးနဲ့ နွေဦးတော်လှန်ရေးကာလမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြတဲ့ သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုတိုက်ပွဲတွေကို အားပေး ထောက်ပံ့နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော် နိုင်ငံတကာသံတမန်ရေးသည် အားဖြည့်ဆေးသာဖြစ်ပြီး ကိုယ်တိုင် ကိုယ်ခံအားကောင်းရန်မှာ ပြည်သူလူထု လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

“ပြည်သူတွေရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ ယုံကြည်တယ် ၊ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ပံ့ပိုးနိုင်ဖို့အတွက် အဓိက ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် တားမြစ်ခြင်း ကြေညာချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

News

“တော်လှန် ရေးကာလအတွင်း အသုံးပြုရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို NUCC ၊ NUG တို့နဲ့ ပူးပေါင်းပြီး စီမံနေတာတွေ အားလုံးသိရှိပြီးသားဖြစ်မှာပါ။” ဟု ဝန်ကြီးချုပ်က ပြောသည်။

News

Quad အင်အားကြီးလေးနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊ တရားမျှတမှုရရှိစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အချက်များကို NUG တောင်းဆိုသည်။

News

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူလူထုများကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့လုပ်ဆောင်ခဲ့၍ ၂၀၂၁ ဧပြီမှစ၍ ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်သည့် လှုပ်ရှားမှုများ တစ်နေ့တခြားများပြားလာခဲ့သည်။