Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်​ဂေါ​တောင်ပိုင်း ​ပူး​ပေါင်းစခန်းတစ်ခု​လေ​ကြောင်းတိုက်ခိုက်ခံရမှု ထိခိုက်ကျဆုံးမှုအချို့ရှိ​ကြောင်းတာဝန်ရှိသူ​​ပြော

“YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေ​ပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က YDF စခန်းတစ်ခုကို တိုက်ခိုက်​ရေးရဟတ်ယာဥ်များဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ)

●စစ်​ရေးတင်းမာ​နေဆဲဖြစ်ပြီး တိုက်ပွဲထပ်ဖြစ်နိုင်

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တောင်ပိုင်းရှိ PDF နှင့်ယောဒေသကာကွယ်ရေးတပ်(YDF) တို့၏ ပူး​ပေါင်းစခန်းတစ်ခုကို စစ်​ကောင်စီတပ်ကရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်ခံရသဖြင့် ထိခိုက်ကျဆုံး မှုအချို့ရှိကြောင်း YDF တာဝန်ရှိသူက လူထုနွေဦးသို့ အတည်ပြုသည်။

“မနေ့က တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ကမြေပြင်စစ်ကြောင်းလုံးဝ မသုံးသွားဘူး။ရဟတ်ယာဥ်တွေနဲ့ပဲ ပစ်တာ။ဒါကြောင့် ကျဆုံးမှုအချို့ ရှိခဲ့တာပါ”ဟု ၎င်းက ပြောသည်။

သို့သော် ထိခိုက်ကျဆုံးခဲ့သည့် ရဲဘော်အရေ အတွက် အတိအကျကို လတ်တလော ပြောဆို နိုင်ခြင်းမရှိသေးဟု ၎င်းကဆက်​ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က YDF စခန်းတစ်ခုကို တိုက်ခိုက်​ရေးရဟတ်ယာဥ်များဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ)

“လေယာဥ်တွေနဲ့ ဝင်စီးခံရတဲ့နေရာက YDF တစ်ခုတည်းမဟုတ်ဘဲ အဖွဲ့စုံရှိတယ်။ကျသွားတဲ့ ရဲဘော်တွေကလည်း တစ်ဖွဲ့တည်းက မဟုတ်ဘူးဗျ။အခု ထိလည်း စစ်ရေးတင်မာနေတယ်။အခြေအနေ မငြိမ်သေးဘူး။တိုက်ပွဲကထပ်ဖြစ်နိုင်တယ်”ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အကြမ်းဖက်စစ်တပ်ဝါဒဖြန့်သူများကမူ ဂန့်ဂေါ တိုက်ပွဲတွင် PDF ရဲဘော် ၇ ဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု လူမှုကွန်ယက်တွင် ဖြန့်ဝေထားသည်။

လက်ရှိတွင် မြစ်သာဆည်တမံ ပေါ်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါရှိနေကြောင်း YDF က အသိပေးသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က YDF စခန်းတစ်ခုကို တိုက်ခိုက်​ရေးရဟတ်ယာဥ်များဖြင့်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ)

“YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေ​ပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

ယမန်နေ့(မေ ၂၆ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါမြို့ နယ်၊တောင်ပိုင်း မြစ်သာဆည်အနီးတစ်ဝိုက်ရှိ အရာရှိရိပ်သာကုန်းအနီး Mi 35 နှင့် Mi 17 အမျိုးအစားရဟတ်ယာဥ်လေးစီးအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်း​ရှောင်နေရသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးကြောင်း၊ ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာတွင်လည်း စစ်သား ၇ဦးခန့်သေဆုံးနိုင်ကြောင်း DGF-အောက်ချင်းတွင်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။