Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့နယ်တွင် CDM ဆရာ၊ ဆရာမ ၃၀၀ကျော်ဖြင့် ကျောင်သား၊ကျောင်းသူ ၁၀,၀၀၀ကျော်ကို ပညာသင်ကြားရေး အစီအစဥ်စတင်

အထူးသဖြင့် စစ်ကိုင်း၊မကွေး၊ချင်း နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် ပြည်သူအခြေပြုသင်ကြားရေးများမြင့်တက်လာသည်။

(ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေတွင် ဖွင့်လှစ်နေသည့် စာသင်ကျောင်း ဖြစ်သည်။)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် CDM ဆရာ၊ဆရာမ ၃၀၀ ကျော်ဖြင့် ကျောင်သား၊ ကျောင်းသူ ၁၀,၀၀၀ကျော်ကို ပညာသင်ကြားရေးအစီအစဥ်များစတင်နေပြီဖြစ်ကြောင်း ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ က ယနေ့(မေ ၂၈ ရက်) အသိ​ပေးထုတ်ပြန် သည်။

“မြို့ပေါ်လောက်ပဲ ကျွန်တော်တို့ မလွှမ်းခြုံနိုင်သေးတာ။ကျေးရွာတွေဘက်မှာတော့ သင်ကြားရေး အစီအစဥ်တွေ အခုလ တတိယပတ်ကစ နေပြီ”ဟု ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် မြို့နယ်တွင်းရှိ စာသင်ကျောင်း ၁၁၃ကျောင်းကို အင်အားဖြည့်တင်းနိုင်ရန် စေတနာ့ဝန် ထမ်းဆရာ၊ ဆရာမ များ ၁,၀၀၀ ကျော်ကိုလည်း သင်ကြားရေး သင်တန်းများပေးနေသည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေတွင် ဖွင့်လှစ်နေသည့် စာသင်ကျောင်း ဖြစ်သည်။)

သင်ကြားရေးပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ ပညာရေးအစီအစဥ် တိုင်းဆောင်ရွက်နေပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များရရှိရေးနှင့် ရေရှည် တည်တံ့နိုင်ရန် ဘဏ္ဍာငွေ လိုအပ်ချက်အချို့ရှိကြောင်းလည်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားချိန်တွင် NUG က ဦးဆောင်၍ ကြားကာလပညာ ရေးအတွက် အွန်လိုင်းအခြေပြု သင်ကြားရေးအပြင် ပြည်သူအခြေပြုသင်ကြားရေးကို ပိုမို လုပ်ဆောင်လာနိုင်ခဲ့သည်။

အထူးသဖြင့် စစ်ကိုင်း၊မကွေး၊ချင်း နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် ပြည်သူအခြေပြုသင်ကြားရေးများမြင့်တက်လာသည်။

ထို့အပြင် စစ်ကျွန်ပညာရေးတွင် ပါဝင်ခြင်းမရှိသော ကျောင်းသားများနှင့် ကျောင်းသားမိဘများကို ကျေးဇူး တင်ကြောင်း ပညာရေးအင်အားစုများက စုပေါင်း၍ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းချိန်တွင် CDM ပြုလုပ်ခဲ့ကြသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ အင်ပြည့်အားပြည့်ပါဝင်မှုကြောင့် စစ်ကောင်စီ၏အရှိုက်ကိုထိုးနှက်သကဲ့သို့ ရှိခဲ့ကြောင်းထောက်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဆောင်းပါး

လက်ရှိမှာ မြောင်ဒေသရဲ့ ကြားကာလပညာ ရေးအတွက် Myaung Education Network-MEN ကိုတည်ထောင်ထားပြီး အဲဒီကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ CDM ဆရာဆရာမတွေက ပညာသင်ကြားပေးနေတယ်လို့ သူက ရှင်းပြပါတယ်။

ဗီဒီယို

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။

News

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖယ်ခုံမြို့နယ်ဌာနအသီးသီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ရှိသည်။

News

လက်ရှိတွင် CDM ဆရာ၊ ဆရာများ၏ သင်ကြားပေးမှုဖြင့် ပြည်သူအခြေပြုပညာရေး၊ ရပ်ရွာ အခြေပြုပညာရေးတို့ကို လုပ်ဆောင်နေပြီး အွန်လိုင်းမှသာမက စာသင်ကျောင်းများ၌ ကိုယ် တွေ့ သင်ကြားမည့် အစီအစဉ်များလည်း ရှိကြောင်း အခြေခံပညာရေးညီလာခံကော်မတီက ရှင်းလင်းသည်။