Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်အမိန့်ချခံရသူဦးရေ ၁၀၀ ကျော်ရှိလာပြီး သေဒဏ်ကို စစ်အုပ်စုဟာ လက်နက်သဖွယ်သုံးလာ

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။

ဓာတ်ပုံ − ရိုက်တာ

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့နှုန်းဟာ စိုးရိမ်ဖွယ်ရာမြင့်တက်လာပြီး သေဒဏ်ကို လက်နက်သဖွယ် စစ်အုပ်စုက အသုံးပြုလာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International) က ပြောလိုက်ပါတယ်။

ပြည်တွင်းမှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်အတွင်း သေဒဏ်အမိန့်ချခံရသူဟာ ၁၀ ဦးအောက်ရှိရာကနေ အာဏာသိမ်းတဲ့တစ်နှစ်ထဲမှာတင်အယောက် ၈၀ ကျော်ထိ မြင့်တက်လာခဲ့တယ်လို့ Amnesty International ရဲ့ ၂၀၂၁ခုနှစ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်းသေဒဏ်ပေးခံရသူဦးရေဟာ ၈၆ ဦးကျော်ရှိခဲ့ပါတယ်။

ဓာတ်ပုံ − ရိုက်တာ

လက်ရှိအချိန်ထိဆိုရင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စာရင်းအရ သေဒဏ်ပေးခံရသူ စုစုပေါင်း ၁၁၃ ဦးထိရှိလာပါပြီ။

ဒီလိုသေဒဏ်ပေးခံရသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးပါဝင်ပါတယ်။ ဒါအပြင် ဖမ်းမမိဘဲ မျက်ကွယ်သေဒဏ်အမိန့်ချခံရသူ ၄၁ ဦးရှိနေပါတယ်။

သိပ်မကြာခင် မေလ ၁၈ ရက်ကပဲ ရန်ကုန်တိုင်း ၊လှိုင်သာယာမြို့နယ်ထဲက လူငယ် ၇ ဦးကို စစ်ကောင်စီက သေဒဏ်ချလိုက်ပါသေးတယ်။ အဲဒီလူငယ်တွေဟာ ရာအိမ်မှူးကိုဒလန်လို့စွပ်စွဲပြီးသတ်ဖြတ်ခဲ့တယ်လို့စစ်ကောင်စီက စွပ်စွဲထားတာပါ။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာစစ်တပ်ဟာ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေကို အရေးယူခြိမ်းခြောက်ဖို့ သေဒဏ်ကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ အတိအလင်းပြောပါတယ်။

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။

ဒီမြို့နယ်တွေထဲမှာ ဖမ်းမိတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလူငယ်တွေကို စစ်အုပ်စုဟာ စစ်ခုံရုံးနဲ့ အမှုကိုအကျဉ်းနည်းစစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်နေတာပါ။

စစ်ခုံရုံးနဲ့ စစ်ဆေးတာကို ကြုံတွေ့ခဲ့ရတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းခံလိုက်ရသူ လူလတ်ပိုင်း တစ်ဦးရဲ့ပြန်ပြောပြချက်အရ စစ်ခုံရုံးတွေမှာ တင်ပြတဲ့သက်သေတွေကို ပယ်ချတာ ၊ ခုခံချေပပိုင်ခွင့်မရတာ တွေ ရှိတယ်လို့လူထုနွေဦးက သိရပါတယ်။

စစ်ခုံရုံးက ချမှတ်တဲ့သေဒဏ်ကို စစ်ကောင်စီခေါင်းဆောင်ကသာ ပယ်ချပိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ချခံရသူကို ကြိုးပေးတာဟာ ၁၉၈၈ ခုနှစ်က နောက်ဆုံးဖြစ်တယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

News

စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော ၃ စီးသည် ယနေ့မေလ ၂၅ရက် နေ့လည်ပိုင်းတွင် ကသာဆိပ်ကမ်းမှ စတင်ထွက်ခွာလာရာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ကသာ- အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြား၌ ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

News

နိုင်ငံတကာအနေနှင့် ကြီးမားသည့် ရာဇဝတ်မှုအနေဖြင့် သတ်မှတ်ထားပြီး မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်များကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၏ တရားခံများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း အသိ ပေးသည်။

News

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။