Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ယန္တရားကို ဖြိုဖျက်ရန်ပြည်သူလူထုCDM က အရေးကြီးဆုံးဟုအ​ခြေခံပညာ​ရေးညီလာခံမှကိုယ်စားလှယ်​ပြော

လက်ရှိတွင် CDM ဆရာ၊ ဆရာများ၏ သင်ကြားပေးမှုဖြင့် ပြည်သူအခြေပြုပညာရေး၊ ရပ်ရွာ အခြေပြုပညာရေးတို့ကို လုပ်ဆောင်နေပြီး အွန်လိုင်းမှသာမက စာသင်ကျောင်းများ၌ ကိုယ် တွေ့ သင်ကြားမည့် အစီအစဉ်များလည်း ရှိကြောင်း အခြေခံပညာရေးညီလာခံကော်မတီက ရှင်းလင်းသည်။

စစ်​အာဏာရှင် သက်ဆိုးရှည်​စေမည့်ပညာ​ရေးအလိုမရှိ​ကြောင်း ဆန္ဒထုတ်​ဖော်​နေကြစဥ်

စစ်အာဏာရှင်လက်အောက်တွင် အရည်အချင်းရှိသည့် ပညာရေးပေးနိုင်မည်မဟုတ်ကြောင်း CDM ဆရာ၊ ဆရာမများ ယုံကြည်

စစ်အာဏာရှင်ယန္တရားကို ဖြိုဖျက်ရန် ပြည်သူလူထု၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)က အရေးကြီးဆုံးဖြစ်ပြီး ပြည်သူလူထုမပါဝင်ပါက မည်သည့်တော်လှန်ရေးမျှ အောင်မြင်မည်မဟုတ် ကြောင်း အခြေခံပညာရေးညီလာခံကိုယ်စားလှယ် ဆရာနောင်ချိုက ပြောသည်။

မကြာမီတွင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများကို တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းသည် ကျောင်းသားမိဘများ၏ ဆုံးဖြတ်ချက်ဖြစ်သော်လည်း စစ်အာဏာရှင် ပြုတ်ကျရန်မှာ ပြည်သူလူထု၏ CDM က လွန်စွာအရေးကြီးကြောင်း ဆရာနောင်ချိုက ပြောသည်။

အခြေခံပညာရေးညီလာခံကိုယ်စားလှယ် ဆရာနောင်ချို

“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ CDM လုပ်တာ စာမသင်ချင်လို့ မဟုတ်ဘူး။ တာဝန်မထမ်းဆောင် ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့သည် ဒီစစ်အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ သား၊ သမီးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အရည်အသွေးပြည့်၀ တဲ့ပညာရေး ၊ အာမခံချက်ပြည့်၀တဲ့ပညာရေး ပေးနိုင်မယ်လို့ မယုံကြည်လို့ ဆရာ၊ ဆရာမတွေက CDM လုပ်ခဲ့ကြတာ။ အလုပ်မလုပ်ခဲ့ကြတာ။ လုပ်ငန်းခွင်ကို သပိတ်မှောက်ခဲ့ကြတာ” ဟု ၎င်းက ဆက်​ပြောသည်။

လက်ရှိတွင် CDM ဆရာ၊ ဆရာများ၏ သင်ကြားပေးမှုဖြင့် ပြည်သူအခြေပြုပညာရေး၊ ရပ်ရွာ အခြေပြုပညာရေးတို့ကို လုပ်ဆောင်နေပြီး အွန်လိုင်းမှသာမက စာသင်ကျောင်းများ၌ ကိုယ် တွေ့ သင်ကြားမည့် အစီအစဉ်များလည်း ရှိကြောင်း အခြေခံပညာရေးညီလာခံကော်မတီက ရှင်းလင်းသည်။

ကြားကာလ အခြေခံပညာရေးအစီအစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်၊ အခြေခံပညာရေး လုပ်ငန်းများ အရည်အသွေး ခိုင်မာမှုရှိစေရန်နှင့် ပိုမိုအားကောင်းလာစေရန် အတွက် အခြေခံပညာရေးညီလာခံကို မေ ၁၀ မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံမှ ထွက်ပေါ်ခဲ့သော ညီလာခံရလဒ်များကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် သက်ဆိုင်
ရာအစုအဖွဲ့များထံ ပေးပို့ထားပြီး သက်ဆိုင်ရာအစုအဖွဲ့များက ညီလာခံရလဒ်များကို ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားကြောင်း အထက်ပါ ကော်မတီက ဆိုသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အသက် (၂၁) နှစ်အရွယ် မောင်ကျော်ညီဇင်သည် မေလ ၂၀ရက်တွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူလူထု၏ထောက်ခံအား ပေးမှုမရှိသောအာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK- 22 ​သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ ရဲတပ်သားမှ...

သတင်း

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်ကို သက်ဆိုင်ရာမှ ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကောင်း မွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။