Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်သားအခြေစိုက် ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ ကျောင်းအပ်ခများပယ်ဖျက်၍ အခမဲ့သင်ကြားပေးမည်

Kaung For You ပညာရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်သားမြို့နယ် CDM ပညာရေးဝန်ထမ်း ၁,၁၁၁ ဦးကို ကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်လာခဲ့သည်။

Kaung For You Federal Private School မှ အခမဲ့သင်ကြားပေးသွာမည်ဖြစ်ကြောင်း အသိပေးကြေညာ
Kaung For You Federal Private School မှ အခမဲ့သင်ကြားပေးသွာမည်ဖြစ်ကြောင်း အသိပေးကြေညာ

မြစ်သားမြို့နယ်အခြေစိုက် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းဖြစ်သော Kaung For You Federal Private School မှ ကျောင်းလခသတ်မှတ်ချက်များအားလုံးကိုပယ်ဖျက်၍ အခမဲ့သင်ကြားပေးသွာမည်ဖြစ်ကြောင်း အသိပေးကြေညာ သည်။

Kaung For You Federal Private School မှ အခမဲ့သင်ကြားပေးသွာမည်ဖြစ်ကြောင်း အသိပေးကြေညာ
Kaung For You Federal Private School မှ အခမဲ့သင်ကြားပေးသွာမည်ဖြစ်ကြောင်း အသိပေးကြေညာ

Kaung For You ပညာရေးအဖွဲ့က ဖွင့်လှစ်ထားသော Kaung For You Federal Private School သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဦးညွှတ်လျက် ပညာရေးဝန်ကြီး ဌာန(NUG-MOE)၏ ဖက်ဒရယ်ဒီမိုကရေစီပညာရေးလုပ်ငန်းစဉ်များကို ကြိုးစားအကောင် အထည်ဖော်လျက်ရှိကြောင်း အသိပေးသည်။

ကိုယ်ပိုင်ကျောင်းများ၏ အခန်းကဏ္ဍနှင့် မူဝါဒကို တိကျစွာမချမှတ်နိုင်သေးသော ဖက်ဒရယ်ဒီမိုကရေစီပညာရေး အကူးအပြောင်း ကြား ကာလတွင် Kaung For You Federal Private School သည် ယခုနှစ်ဇူလိုင်လတွင် ဖွင့်လှစ်မည့် ၂၀၂၂- ၂၀၂၃ပညာသင်နှစ်၏ အခြေခံ ပညာအတန်းများအားလုံးကို အခမဲ့ပညာရေးစနစ်ဖော်ဆောင်ရန် ဆုံးဖြတ်သည်ဟု အသိပေးသည်။

ထို့အပြင် ကျောင်း၌ ခန့်ထားပြီးဖြစ်သော သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ CDM ဆ ရာ၊ ဆရာမများ၏ သတ်မှတ်လစာများ ဂုဏ်ပြုချီးမြှင့်နိုင်ရန် ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် Kaung For You ပညာရေးအဖွဲ့အစည်းသည် နွေဦးဆရာအတတ်သင်တက္က သိုလ်(Spring Normal University)၏ အဓိပတိ၊ မြန်မာ့ဖက်ဒရယ်ပညာရေးစနစ်၏လမ်းပြသူ ဆရာကြီးဒေါက်တာသိန်းလွင်၏ ဩဝါဒနှင့် လမ်းညွှန်ချက်ကို နာယူလျက် ကျောင်းလခသတ်မှတ်ချက်များကိုပယ်ဖျက်၍ အခမဲ့ကိုယ်ပိုင်ကျောင်းအဖြစ် ရပ်တည်သွားမည်ဟု ဖော်ပြသည်။

Kaung For You ပညာရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်သားမြို့နယ် CDM ပညာရေးဝန်ထမ်း ၁,၁၁၁ ဦးကို ကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်လာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

မြစ်သားမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ရက်နေ့က စရဖရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။