Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတိုင်းမှာ သွေးသောက်အဖွဲ့အမည်ခံသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာ

မန္တလေးတိုင်းအတွင်းသွေးသောက်အဖွဲ့အမည်ခံပြီးသတ်ဖြတ်ခံရသူတွေဟာ မန္တလေးခရိုင် မြို့နယ်တွေမှာနေထိုင်ကြသူတွေနဲ့ ကျောက်ဆည် ၊စဉ့်ကူးမြို့နယ်တွေမှာနေထိုင်ကြသူတွေလည်းပါဝင်ကြပါတယ်။

သွေးသောက်အဖွဲ့
သွေးသောက်အဖွဲ့

မန္တလေးတိုင်းအတွင်းသွေးသောက်အဖွဲ့အမည်ခံ သတ်ဖြတ်မှုတွေကြောင့် တစ်လတာကာလအတွင်းသေဆုံးရတဲ့ ပြည်သူဟာ ၁၀ ဦးထက်မနည်းရှိလာပါပြီ။

သတ်ဖြတ်မှုတွေဟာ ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကနေစတင်ခဲ့ပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုဟာ မေလ ၂၆ ရက်ကဖြစ်ပါတယ်။

မေလ ၂၆ ရက်ကဖြစ်စဉ်ကတော့ မဟာအောင်မြေမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ခန့်အမျိုးသားကို ထောက်ပို့ လုပ်တယ်ဆိုပြီး လူတစ်စုက လာရောက်ဖမ်းဆီးသွားတာပါ။ နေအိမ်မှာလာရောက်ဖမ်းဆီးချိန်သွေးသောက်အဖွဲ့လို့အော်ဟစ်သွားတာရှိတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သွေးသောက်အဖွဲ့
သွေးသောက်အဖွဲ့

နောက်နေ့မနက်မှာတော့ မျက်နှာကို ပုဆိုးနဲ့ စည်းထားပြီး နဖူး ကိုသေနတ်နဲ့တေ့ပစ်ထားတဲ့ဒဏ်ရာနဲ့သေဆုံးနေတဲ့အလောင်းကို ချမ်းအေးသာစံမြို့နယ်မှာလာရောက်စွန့်ပစ်သွားခဲ့ပါတယ်။ ဒါဟာ မန္တလေးမှာ သွေးသောက်အဖွဲ့အမည်ခံပြီး နောက်ဆုံးသတ်ဖြတ်ထားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်းသွေးသောက်အဖွဲ့အမည်ခံပြီးသတ်ဖြတ်ခံရသူတွေဟာ မန္တလေးခရိုင် မြို့နယ်တွေမှာနေထိုင်ကြသူတွေနဲ့ ကျောက်ဆည် ၊စဉ့်ကူးမြို့နယ်တွေမှာနေထိုင်ကြသူတွေလည်းပါဝင်ကြပါတယ်။

သွေးသောက်အဖွဲ့ကို ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်က လူမှုကွန်ရက်ဖေ့ဘွတ်ခ်ကနေ စတင်ကြေညာလာပြီး မန္တလေးမှာ NLD ပါတီဝန်းရံသူ လင်မယားကို ဖမ်းဆီးသတ်ဖြတ်ရာကနေ စတင်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူအများစုဟာ NLD ပါတီဝင်တွေ ၊ ပါတီကို ဝန်းရံထောက်ခံအားပေးသူတွေအပြင် PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သတ်ခံရသူတွေလည်းရှိလာပါတယ်။ သတ်ခံရသူတွေထဲ အမျိုးသမီးတွေလည်းပါဝင်ကြပါတယ်။

မန္တလေးမြို့ခံတွေကတော့ သွေးသောက်အဖွဲ့ဆိုပြီးအမည်ခံထားတဲ့လူသတ်အဖွဲ့ဟာ သတ်ဖြတ်လိုသူကိုအလွယ်တကူဝင်ရောက်ဖမ်းဆီးပြီးသတ်ဖြတ်တဲ့အပြင် ဖမ်းဆီးခံရတာမရှိတဲ့အတွက် စစ်ကောင်စီနဲ့ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်နေကြပါတယ်။

NLD ပါတီက မေလ ၁၀ ရက်ထုတ်ပြန်တဲ့ကြေညာချက်မှာဆိုရင် ဒီလိုဖမ်းဆီးမှုတွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကားတွေကိုအသုံးပြုတာသိရတယ်လို့ ဖော်ပြထားပြီး သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီနဲ့ဆက်နွယ်မှုရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ သွေးသောက်အဖွဲ့အပြင် စွန်ရဲ ၊ မျိုးချစ်ညွှန့်ပေါင်း ၊မျိုးချစ်မဟာမိတ်ဆိုတဲ့နာမည်မျိုးစုံနဲ့ လှုပ်ရှားနေတာတွေရှိနေပေမယ့် ဒီလိုသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးတဲ့သတင်း ၊ဖမ်းမိတဲ့သတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာက ဖော်ပြတာမျိုးမရှိပါဘူး။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။

သတင်း

ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေ ဓားနဲ့ခုတ်ခံရလို့ ဒဏ်ရာရသွားသလို ဆိုင်ကယ်လည်းလုခံလိုက်ရတယ်လို့သိရပါတယ်။

သတင်း

ယနေ့နံနက် ၉ နာရီခွဲက မြောင်မှထွက်လာသော စစ်ကောင်စီတပ်ကို လက်ယက်မရွာနှင့် အောင်ချမ်းသာရွာကြားတွင် တစ်ဖက်ပွင့် Mytel အမြှောက်ကြီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဗီဒီယို

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။