Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနေ၍ နန်းဖဲ – ဘော်လခဲလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် KNDF အသိပေး

ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။

(နန်းဖဲရွာအနီး တိုက်ပွဲတွင် KNDF/KA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်ယာဥ်အား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(နန်းဖဲရွာအနီး တိုက်ပွဲတွင် KNDF/KA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်ယာဥ်အား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသတွင်းသို့ စစ်ကြောင်းထိုးလာ၍ ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲ- ဘောလခဲလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၆)က ထုတ်ပြန်သည်။

ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ နန်းဖဲရွာအနီးတစ်ဝိုက်တွင် မေလ ၂၃ရက်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)/KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီးကား တစ်စီးဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF တပ်ရင်း (၁၆)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

သတင်း

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်က ကလေးမြို့၊ တာဟန်း ရပ်ကွက်အတွင်းရှိ လူနေအိမ်များထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

သတင်း

ကလေးမြို့ပေါ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် ယမန်​နေ့ည ည ၁၂ နာရီတွင် စန်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈ ) ကျောင်းဆောင်မီးလောင်ခဲ့​ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ​