Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မဟာလေးခု နယ်မြေရှိ သွားလာရေးခက်သောဒေသရှိ စစ်ရှောင်များ အကူအညီလိုအပ်နေကြောင်း KNU အသိပေး

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

(ကရင်ပြည်နယ်ရှိ စစ်​ဘေး​ရှောင် ​ဒေသခံပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(ကရင်ပြည်နယ်ရှိ စစ်​ဘေး​ရှောင် ​ဒေသခံပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ နယ်မြေများအနက် တပ်မဟာလေးခု၏ နယ်မြေအတွင်း သွားလာရန်ခက်ခဲ့သော ဒေသများရှိ စစ်ရှောင်များ

လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိသည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် KNU သထုံခရိုင်တပ်မဟာ(၁) ၊ညောင်လေး ပင်ခရိုင် တပ်မဟာ(၃)၊ ထားဝယ်ခရိုင် တပ်မဟာ(၄)၊ မူတြော်ခရိုင် တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယင်းအနက် တပ်မဟာ (၁)၊ တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ(၅)များအတွင်းရှိ သွားရေးလာရေးခက်ခဲသောဒေသများတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အကူ အညီများ အထူးလိုအပ်လျက်ရှိကြောင်း KNUက ဆိုသည်။

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်များသည် နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်းနေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။

သတင်း

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ အမြဲတမ်း ဗဟိုကော်မတီဝင်များနှင့် ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် NLD ဗဟိုအလုပ်ကော်မတီဝင်များသည် မေလ ၂၇ရက်တွင် အွန်လိုင်းမှ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

သတင်း

NUCC မှာကမတူကွဲပြားတဲ့​နောက်ခံ​တွေက​နေအသီးသီးပါဝင်လာကြတယ်ဆို​တော့အငြင်းအခုံ၊အ​ချေအတင်ဖြစ်​နေကြရတာကိုကအင်မတန်​ကောင်းမွန်သင့်​လျော်တဲ့အခွင့်အလမ်းတစ်ရပ်အ​နေနဲ့ပဲမြင်မိပါတယ်ခင်ဗျ။

သတင်း

"ဧည့်သည်တပ်တွေပြန်ရုတ်သိမ်းရတာကလည်း KNLA တပ်မဟာ ၆ ဘက်မှာ ပြန်လှုပ်ရှားရမှာမို့လို့ပါ။ ဒီလိုနယ်ခြားစောင့်တပ်တွေက စစ်ကောင်စီတပ်လက်အောက်ခံဖြစ်သည်နဲ့အမျှ စစ်ကောင်စီပေးတဲ့လစာကို စားနေရတော့ သူတို့ခိုင်းတာအကုန်လုပ်ပေးရတာပေါ့" လို့ ဗိုလ်မှူးစောဂီနွီးက ဆိုပါတယ်။