Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီမှ ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြုလျှောက်လွှာ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်

လက်ရှိအခြေအနေတွင် ကြားကာလပညာရေးနှင့်ပတ်သက်ပြီး KSCC ပညာရေးကော်မတီက FOEIM-Free Online Educational Institution Myanmar အားကယားပြည်နယ် (ကရင်နီဒေသ)အတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများအားချိတ်ဆက်ဆောင်ရွက်ရန်အသိအမှတ်ပြုထားသည်။

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် PDFများထိန်းချုပ်ရာ​ဒေသတွင် ကြားကာလပညာ​ရေးစနစ်ဖြင့်ပညာသင်ကြားပြီး ​ကျောင်းဆင်းပွဲနှင့်ပြိုင်ပွဲတွင်ဝသ်​ရောက်ဆင်နွှဲ​နေ​သောက​လေးငယ်များ။ ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ)

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)မှ ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြုလျှောက်လွှာလျှောက်ထားနိုင်ရန် ဖိတ်ခေါ်ကြောင်း အသိပေးထုတ်ပြန်သည်။

KSCC ပညာရေးကော်မတီမှ ကရင်နီပြည်နယ်အတွင်းရှိ ကျောင်းများအား ပြည်သူ့အခြေပြု​ကျောင်းအဖြစ် အသိအမှတ်ပြု​နိုင်ရန်နှင့် ပြည်နယ်အတွင်း ပညာရေးလုပ်ငန်းအား ပုံစံအမျိုးမျိုးဖြင့် အကောင်အထည်ဖော်နိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် PDFများထိန်းချုပ်ရာ​ဒေသတွင် ကြားကာလပညာ​ရေးစနစ်ဖြင့်ပညာသင်ကြားပြီး ​ကျောင်းဆင်းပွဲနှင့်ပြိုင်ပွဲတွင်ဝသ်​ရောက်ဆင်နွှဲ​နေ​သောက​လေးငယ်များ။ ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ)
(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် PDFများထိန်းချုပ်ရာ​ဒေသတွင် ကြားကာလပညာ​ရေးစနစ်ဖြင့်ပညာသင်ကြားပြီး ​ကျောင်းဆင်းပွဲနှင့်ပြိုင်ပွဲတွင်ဝသ်​ရောက်ဆင်နွှဲ​နေ​သောက​လေးငယ်များ။ ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ)

ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြု လျှောက်လွှာပုံစံတွင် ကျောင်း(သို့မဟုတ်)အဖွဲ့အစည်းအမည်၊ အ​ခြေစိုက်ဒေသ၊ CDM ဆရာ၊ ဆရာမဦးရေ၊​စေတနာ့ဝန်ထမ်း- Volunteer ဦးရေစသည့် အချက်များအပါအဝင် အချက်လက်ဖြည့်သွင်းရမည့် နံပါတ်စဥ် ၂၂ ခုဖော်ပြထားသည်။

အဆိုပါအချက်အလက်များတွင် သင်ရိုးညွှန်း တမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဒေသ၏လိုအပ်ချက်နှင့်ကိုက်ညီသောသင်ရိုး၊ မိခင်ဘာသာစကားအခြေပြုသင် ရိုး၊ စစ်ဆေးအကဲဖြတ်မှုပုံစံနှင့် အမျိုးအစားစသည့်တို့ကိုလည်း ဖြည့်သွင်းရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လက်ရှိအခြေအနေတွင် ကြားကာလပညာရေးနှင့်ပတ်သက်ပြီး KSCC ပညာရေးကော်မတီက FOEIM-Free Online Educational Institution Myanmar အားကယားပြည်နယ် (ကရင်နီဒေသ)အတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများအားချိတ်ဆက်ဆောင်ရွက်ရန်အသိအမှတ်ပြုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဆောင်းပါး

လက်ရှိမှာ မြောင်ဒေသရဲ့ ကြားကာလပညာ ရေးအတွက် Myaung Education Network-MEN ကိုတည်ထောင်ထားပြီး အဲဒီကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ CDM ဆရာဆရာမတွေက ပညာသင်ကြားပေးနေတယ်လို့ သူက ရှင်းပြပါတယ်။

News

“စစ်ကောင်စီဘက်ကို ရပ်တည်နေသေးတဲ့သူတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရပ်ဖို့လိုတာပေါ့။ အဲဒါကြောင့် အမြန်ဆုံးအဲဒါကို သိရှိနားလည်ပြီးတော့မှ ဘက်ပြောင်းလာဖို့ အရေးကြီးတာပေါ့”ဟု KSCC တာဝန်ရှိသူက ပြောသည်။

News

Free Burma Rangers အဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုံပါဝင်နေပြီး စစ်ဘေးရှောင်များကိုကျန်းမာ​ရေး​​စောင့်​ရှောက်မှုနှင့်ကူညီရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကာ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများ၌ အဓိက လှုပ်ရှားသည်။

News

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။