Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်​ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များ တိုက်ခိုက်၊ စစ်​ကောင်စီတပ်သားလေးဦး​သေဟု ဇိုမီး PDF ​ပြော

ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်က ကလေးမြို့၊ တာဟန်း ရပ်ကွက်အတွင်းရှိ လူနေအိမ်များထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့ကြောင်း PDF(ဇိုမီး)က ထုတ်ပြန်သည်။

ပြည်သူအပေါ် မီတာကြေးမကောက်ခံရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးခဲ့ခြင်းကို မသိကျိုးကျွန်ပြုခဲ့သည့်အတွက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

ဝင်ရောက်တိုက်ခိုက်မှုကို ယမန့်နေ့ ညနေ ၅နာရီမှ စတင်ခဲ့ပြီး ည ၈နာရီတွင် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးသည့်အပြင် ၈ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု PDF(ဇိုမီး)က ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲကို PDF(ဇိုမီး), CNDF, PDF(ကလေး) , CSSနှင့် GRF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်က ကလေးမြို့၊ တာဟန်း ရပ်ကွက်အတွင်းရှိ လူနေအိမ်များထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် မင်းကင်းမြို့မှ ကလေးမြို့ကို စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ထပ်စာသင်ကျောင်းဆောင် တစ်ခုမီးလောင်ပျက်စီးခဲ့ရသည်။

“ကလေးမြို့မှာ စစ်ကောင်စီ ကင်းစခန်းကို လစ်ရင်လစ်သလို နေတိုင်းနီးပါး တိုက်ခိုက်နေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့တိုက်ခိုက်မှုပြုလုပ်တိုင်း စစ်ကောင်စီက လူနေအိမ်များကို ဦးတည်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

သတင်း

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင်​ပါရှိသည်။

သတင်း

ဘောလခဲမြို့နယ် (နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ရပ်ရွာပြည်သူလူထုများ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယနေ့ (မေလ ၂၉ရက်)မှ စ၍လုံး၀ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးအကြောင်း ကြား အပ်သည်ဟု ဖော်ပြထားသည်။

သတင်း

"ကျွန်တို့မှာရှိတဲ့အသက်နဲ့ခန္ဓာကို ရင်းပြီး ကျွန်တော်တို့လက်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းမှန်သမျှနဲ့ စစ်အာဏာရှင်တွေကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမည်" ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ပြောကြားထားသည်။