Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ယာဥ်တန်း သေနတ်ဖြင့်ပစ်ခံရပြီး ရဲတစ်ဦးကျည်ထိမှန်

“ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ”ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

(ရန်ကုန်မြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်သည်။ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်သည်။ဓာတ်ပုံ - CJ)

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ယာဥ်တန်း သေနတ်ဖြင့်ပစ်ခံရပြီး ရဲတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ပြောသည်။

ဖြစ်စဥ်မှာ ယနေ့(မေ ၃၀ ရက်)နံနက် ၄နာရီခွဲခန့်က အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန် – ပြည်လမ်း စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ”ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်ခံရမှုအပြီး အကြမ်းဖက်စစ်ကောင်စီက အင်းစိန်ပန်းခြံအပါအဝင် နီးစပ်ရာ နေရာများတွင်၂နာရီခန့်အကြာ ပိတ်ဆို့စစ် ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

အလားတူ ယမန်နေ့ ညပိုင်းကလည်း ရွှေပြည်သာမြို့နယ် (၇)ရပ်ကွက်ရှိ စစ်ကောင်စီသတင်း ပေးဖြစ်သူ ဦးအောင်စိုးမိုး၏ နေအိမ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Shwepyithar Defence Forceက ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုတွင် ထိခိုက်မှုဖြစ်စဥ်မသိရှိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ၄စီးပါ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF - PDF က ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။