Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကူးမြို့နယ်တွင် စစ်​ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ၄စီးပါ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

(မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်တွင် ဖြတ်သန်းလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မေလဆန်းပိုင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်တွင် ဖြတ်သန်းလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မေလဆန်းပိုင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မိုးကုတ်-မန္တလေးလမ်းပေါ်တွင် မိုးကုတ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ယာဉ်တန်း ၄စီးသည် လက်ပံလှ ငွေတောင်တိုးဂိတ်အနီးတွင် မိုင်းဆွဲခံရ၍ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခက်မှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အခင်းဖြစ်သည့်နေရာသို့ လောကဟိတ လူနာယာဉ် ၂စီး ရောက်ရှိလာကြောင်း နယ်ခံတစ်ဦးက ပြောသ​ည်။

“မိုးကုတ်ဘက်ကဆင်းလာတဲ့ ကား၄စီးကို မိုင်းခွဲလိုက်တာ။ နာရေးကားနှစ်စီးနဲ့ သယ်သွားတယ်လို့တော့ကြားတယ်။ သေဆုံးထိခိုက်တော့မသိရသေးဘူး။ ခုချိန်ထိမပြီးသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို စဉ့်ကူး၊မတ္တရာ၊သပိတ်ကျင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ကရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲရာ ထိခိုက်မှုရှိကြောင်း၊ ထိခိုက်သည့် အကြမ်းဖက်စစ်သားများအား လူမှုရေးကားနှစ်စီးဖြင့်ပင်လယ်ကြီးရဲကင်းဂိတ်သို့ပို့ဆောင်ပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာအနီးရှိရွာသား(၆)ဦးကိုလည်းလက်ပြန်ကြိုးတုပ်၍ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လ​ည်ဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မန္တလေး-မိုးကုတ် လမ်းပေါ်ရှိ ရွှေပြည်ရဲကင်းစခန်း တိုက်ခိုက်ခံခဲ့ရပြီး စခန်းမှူးအပါအဝင် အနည်းဆုံး ၃ဦး သေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ"ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

သတင်း

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF - PDF က ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"စကစတွေက ရွာဝင်လာရင်ကို အရင်လက်နက်ကြီးတွေနဲ့ထုပါတယ်ဗျနောက်မီးရှို့ပါတယ်။ အရာတော်မြောက်နယ် အုပ်ရှစ်ကြီး ၊ လိမ်လှ စတဲ့ရွာတွေဘက်မှာဗျ"ဟု Ayadaw Bone Naing- A.B.N PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။