Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်၊ တမ​ဆေးကန်တိုက်ပွဲ စစ်​ကောင်စီတပ်​လေ​ကြောင်းပစ်ကူသုံး​သော်လည်း စစ်သား ၂၀ ​ကျော်​သေ

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

(မြောင်အခြေစိုက်အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(မြောင်အခြေစိုက်အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

●PDF တစ်ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊တမ​ဆေးကန်​ကျေးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလေကြောင်းပစ်ကူပါအသုံးပြု တိုက်ခိုက်ခံခဲ့​သော်လည်း စစ်သား ၂၀ ဦး​ကျော်သေဆုံးကြောင်း Seven People Defence Force က ထုတ်ပြန်ကြေညာသည်။

ယမန်နေ့(မေလ ၂၉ရက်နေ့)ညနေပိုင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တမဆေးကန်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲချိန်သုံးနာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးနိုင်ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ဆင်ရေးအား မြောင်နယ်ရှိ မဟာမိတ်တပ်ပေါင်းစုများနှင့် MS PDF ၊မြေလတ် -PDF (MGN District) ၊TTA ပြောက်ကျားတပ်ဖွဲ့ ၊ Seven People Defence Force ၊ 27 Revolution Force အစရှိသည့် အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

အကြမ်းဖက်စစ်တပ်က ​သေဆုံးမှုများကာအထိနာပြီး​နောက်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူကာကွယ်ရေး ရဲဘော်များ အချိန်မှီပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Seven People Defence Forceက ပြောသည်။

တိုက်ပွဲထိတွေ့ချိန် ကြာမြင့်‌ခဲ့ပြီး စစ်သုံးစရိတ်ကုန်ကျမှုလည်းများပြားခဲ့ကြောင်း၊ တစ်ဖွဲ့လျှင် ခန့်မှန်း သိန်း(၁၅၀)ကျော်ခန့် ကုန်ကျခဲ့ရပြီးအာဏာရှင်စနစ်အမြစ်ပြတ်တော်လှန်နိုင်ရန်အတွက် ပိုမိုပံ့ပိုးကူညီပေးကြရန် Seven People Defence Forceက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း ကျေးရွာများအား မေလလယ်မှစတင်ကာ အကြမ်းဖက်စစ်ကြောင်းထိုးနေပြီး နှစ်ပတ်အတွင်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရဲကားနှစ်စီး၊ ပွိုင့်ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီးပါတယ်။ထိတာက ဆိုင်ကယ်နဲ့ ရဲ တစ်ဦး ထိ သွားတာ"ဟု စော်ဘွားကြီးကုန်းရပ်ကွက် နေသူတစ်ဦးက ရှင်းပြသည်။

သတင်း

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF - PDF က ပြောသည်။

သတင်း

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

သတင်း

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။