Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူက နှစ်ပေါင်း ၃၀ကျော်သိမ်းပိုက်ထားသည့် သေ့ဘော့ဘိုးတပ်စခန်းအား ပြန်လည်သိမ်းယူနိုင်မှုအပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြု

မေလ ၁၈ရက်တွင် ရန်သူကအနှစ်(၃၀)ကျော် သိမ်းပိုက်ထားခဲ့သော သေဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက်မျိုးစုံ (၁၅)လက်၊ ကျည်မျိုးစုံ ၇,၀၀၀ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။

သေ့ဘော့ဘိုးတပ်စခန်း
သေ့ဘော့ဘိုးတပ်စခန်း

▪️KNU တပ်မဟာ(၆)နယ်မြေတွင် ၅လအတွင်း စစ်ကောင်စီတပ်စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ရန်သူက နှစ်ပေါင်း ၃၀ကျော်သိမ်းပိုက်ထားသော ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘော့ဘိုးစစ်ကောင်စီ တပ်စခန်းကို သိမ်းယူနိုင်ခဲ့သည့် မဟာမိတ် ပူးပေါင်းအဖွဲ့ ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွတ်ရွတ်ချွံချွံ ဆင်နွှဲလျက်ရှိသော KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော ပူးပေါင်းအဖွဲ့၏ ထူးချွန်ပြောင်မြောက်သည့် စစ်ရေးစွမ်းဆောင်မှုကို ဂုဏ်ပြုကြောင်း သဝဏ် လွှာ၌ ရေးသားထားသည်။

ဂုဏ်ပြုကြောင်းသဝဏ်လွှာ
ဂုဏ်ပြုကြောင်းသဝဏ်လွှာ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသတွင် KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့သည် ၂၀၂၁ ဒီဇင်ဘာ ၁၅ရက် လေးကေ့ကော်တိုက်ပွဲ မှစ၍ ခုခံတွန်းလှန် စစ်ဆင်နွှဲလာရာ ရန်သူ့စခန်းသုံးခုနှင့် ရန်သူ့လက်နက် အမြောက်အများကို လက်ရသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မေလ ၁၈ရက်တွင် ရန်သူကအနှစ်(၃၀)ကျော် သိမ်းပိုက်ထားခဲ့သော သေဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက်မျိုးစုံ (၁၅)လက်၊ ကျည်မျိုးစုံ ၇,၀၀၀ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။

သေ့ဘော့ဘိုး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး အရှင်ဖမ်းမိသူ ၇ဦးထက်မနည်းရှိခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း KNU ပူးပေါင်းတပ်၏ ထိုးစစ်ကို မကာကွယ်နိုင်ဘဲ စခန်းကိုစွန့်လွှတ်ခဲ့ရသည်။ စစ်ကောင်စီတပ်များသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

သတင်း

လက်ရှိတွင် စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွဲလက်ရှိရာ ရှေ့ကာလများ၌ စစ်ရေးအရှိန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ဧရာ၀တီ သတင်းဌာန နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သတင်း

မီးရှို့ခံရသည့် ဖြစ်စဥ်များသည် နေရာပေါင်း၂၉၆ ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ ၎င်း၏ နောက်တွင် မကွေး၊ ချင်း၊ ကရင်နီပြည်တို့ အစဥ်လိုက်ရပ်တည်နေသည်။

သတင်း

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ​မေလ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း ​နေအိမ်​ပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။