Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်အဖြစ်ဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်အရေးယူမည်ဟု KRF သတိပေး

ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

People's Spring
People's Spring

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုက်အဖြစ် ဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာအရေးယူမည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က သတိပေးချက်ထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ ကျွန်ုပ်တို့ KRFမှ လူကြီးမင်းတို့အား အသိပေးလိုသည်မှာ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်စေ၊ ကိုယ်ပိုင်ပုဂ္ဂလိက ရပ်တည်ချက်ကြောင့်ဖြစ်စေ အကြမ်းဖက် စစ်ကောင်စီများနှင့် ပတ်သက်လှုပ်ရှားဆောင်ရွက်နေသည်များကို စုံစမ်းထောက်လှမ်းသိရှိထားပြီး ဖြစ်ပါသည်။ထိုသို့ ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် အုပ်ချုပ်နေသော စကစ၏ စီးပွားရေး ထောက်တိုင်အဖြစ် ဆက်လက်ဆောင်ရွက်နေပါက ကျွန်ုပ်တို့ KRF မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရမည် ဖြစ်ပါသည်”ဟု ကြေညာချက်၌ ရေးသားထားသည်။

ထို့ကြောင့် စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေသည်များကိုယနေ့မှစ၍ လုံးဝ (လုံးဝ) ရပ်တန့်ရန် အသိပေးလိုက်ကြောင်း၊ ဤစာထုတ်ပြန်ချက်သည် နောက်ဆုံးသတိပေးခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

KRFသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။

သတင်း

"ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။"ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

သတင်း

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။