Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် မီးရှို့ဖျက်ဆီးခံရသည့် ​ကျေးရွာ ၃၀​ကျော်မှ အရပ်သားပြည်သူ တစ်​သောင်း​ကျော် စားနပ်ရိက္ခာနှင့် ​ဆေးဝါးအကူအညီများ လိုအပ်​နေ

နွေဦးတော်လှန်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍ လက်ရှိကာလအထိ ခင်ဦးနယ်တွင် ကျေးရွာပေါင်း ၃ဝကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင် နေအိမ်ပေါင်း ၁ ၃၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၃၀ကျော်မှ နေအိမ်ပေါင်း ၁,၃၀၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့၍ အရပ်သားပြည်သူ တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ အရပ်သားနေအိမ်များ မီးလောင်ဆုံး ရှုံးခဲ့သည့်စာရင်းကို ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးဌာနက မေလ ၃၀ရက် ညတွင်ထုတ်ပြန်ခဲ့ပြီး စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုအနေဖြင့် အကူအညီပေးကြရန်လည်း တိုက်တွန်းထားသည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

နွေဦးတော်လှန်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍ လက်ရှိကာလအထိ ခင်ဦးနယ်တွင် ကျေးရွာပေါင်း ၃ဝကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင် နေအိမ်ပေါင်း ၁ ၃၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

” မီးဘေးသင့်ပြည်သူများဟာ သောင်းချီ ရှိလာပါတယ်။မိုးရာသီရောက်နေပြီ ဖြစ်တာကြောင့် နေစရာခိုင်ခန့်လုံခြုံမှုလိုအပ်လာသလို ဆေးဝါးရိက္ခာကစ ပိုမိုလိုအပ်နေပြီ ဖြစ်ပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

ခင်ဦးမြို့နယ်တွင်စစ်ကောင်စီက ယခုလတ်တလော အကြမ်းဖက်မှုအဖြစ် သရက်ကုန်းရွာရှိ ဘာသာရေးအဆောက်အဦ(ဗလီ)တစ်ခုအပါအဝင် ပြည်သူပိုင်နေအိမ် ၇၅လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ထုတ်ပြန်ထားသည်။

သရက်ကုန်းကျေးရွာကို စစ်ကောင်စီက မေလ ၂၉ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

ယနေ့(မေလ ၃၁ရက်)နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ် ငှက်ပျောရွာကျေးရွာကို စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မေလ ၂၉ရက်ညနေတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

သတင်း

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံမှ ဦးဆောင်ကာ ပေးအပ်ထောက်ပံ့ခဲ့ပြီး Phoenix အထူးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းညီနောင် အဖွဲ့များမှလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလည်း အသိပေးသည်။

သတင်း

ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကားသုံးစီးဖြင့်လာရောက်ပြီး လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။

သတင်း

မီးရှို့ခံရသည့် ဖြစ်စဥ်များသည် နေရာပေါင်း၂၉၆ ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကာ ၎င်း၏ နောက်တွင် မကွေး၊ ချင်း၊ ကရင်နီပြည်တို့ အစဥ်လိုက်ရပ်တည်နေသည်။