Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စိတ်ဝမ်းကွဲခြင်းက ရန်သူအတွက်အားဖြစ်စေ၍ ညီညွတ်မှုဖြင့် အင်အားစုအားလုံးကို ချိတ်ဆက်ပြီး တော်လှန်ရေး ဆင်နွှဲနိုင်ရန် KNDFဥက္ကဋ္ဌ တိုက်တွန်း

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။

KNDF
KNDF

▪️ရပ်နီးရပ်ဝေးရှိ PDFတပ်ဖွဲ့များအားလုံး KNDFနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကြရန် ဖိတ်ခေါ်

စိတ်ဝမ်းကွဲခြင်းက ရန်သူစစ်ကောင်စီအတွက်အားဖြစ်စေ၍ ညီညွတ်မှုဖြင့် အင်အားစုအားလုံးကို ချိတ်ဆက်ပြီး အရေးတော်ပုံအောင်နိုင်ရေး လက်တွဲတိုက်ပွဲဝင်သွားကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက တိုက်တွန်းပြောကြားသည်။

ယနေ့ (မေလ ၃၁ရက်) ကျရောက်သည့် KNDF ဖွဲ့စည်းတည်ထောင်ခြင်းတ တစ်နှစ်ပြည့်နေ့တွင် ခွန်းဘီထူးက ယခုကဲ့သို့ ပြောကြားခဲ့သည်။

“စုပေါင်းအင်အားဖြင့်သာ အရေးတော်ပုံအောင်နိုင်ရမည် စိတ်ဝမ်းကွဲနေခြင်းသည် ရန်သူအတွက် အားဖြစ်စေတယ်။ ဝေဖန်အပြစ်တင်မှုများသည် တော်လှန်ရေးအတွက် အားယုတ်စေတယ် ဒါကြောင့် မိမိတို့ KNF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီး စံပြတော်လှန်ရေးတပ်ဖြစ်အောင် ရပ်တည်ပြရမှာ ဖြစ်တယ်။ ရပ်နီးရပ်ဝေး ရှိ PDF တပ်ဖွဲ့များအားလုံးကို မိမိတို့ KNDFနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်”ဟု ၎င်းက ပြောသည်။

KNDFဥက္ကဋ္ဌ ခွန်းဘီထူး
KNDFဥက္ကဋ္ဌ ခွန်းဘီထူး

အကြမ်းဖက် စစ်ကောင်စီ၏ မတရားအုပ်ချုပ်မှု အဆုံးသတ်ရန် KNDFအနေဖြင့် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ ခိုင်မာသည့် နိုင်ငံရေးဦးတည်ချက်ကို သိရှိပြီး ပြည်ထောင်စု တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး ပြတ်သားစွာ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း KNDF ဥက္ကဋ္ဌက ပြောသည်။

ကရင်နီပြည်နယ်တွင် အစဉ်အလာရှိသော လက်နက်ကိုင်အဖွဲ့များစွာ ရှိနေရာ အဆိုပါ အဖွဲ့အစည်း အသီးသီးတို့သည် ညီညွတ်၍ KNDF နှင့် တစ်သားတည်း ပူးပေါင်းဆောင်ရွက်လာမည့် နေ့ရက်ကိုလည်း ဆက်လက် မျှော်လင့်နေကြောင်း ၎င်းက ဆိုသည်။

KNDF တပ်သည် အလွန်လျင်မြန်သော အင်အားနှင့် လက်နက်များ ကို ပိုင်ဆိုင်လာပြီး ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုက်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း ၎င်းက အသိပေးသည်။

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။

KNDFကို ညီနောင်သဖွယ် စောင့်ရှောက်နေသည့် တပ်များ၊ KNDF၏ စစ်ရေးများတွင် ချိတ်ဆက်ပါဝင်နေသည့် တပ်များ နှင့် KNDF အား အသိအမှတ်ပြုပြီး ပံ့ပိုးနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အထူးသဖြင့် ရပ်နီးရပ်ဝေးမှ နည်းပညာအရ ဖြစ်စေ ၊ ငွေကြေးရိက္ခာအရ ဖြစ်စေထောက်ပို့ ဆောင်ရွက်နေကြတဲ့ ပြည်သူ့ထောက်ပို့ တပ်သား၊တပ်ဖွဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးဆပ်သောအားဖြင့် မိမိတို့ KNDFသည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

မိမိတို့၏ အရင်နီးဆုံးရဲဘော်များ၊ ပြည်သူများ၏ အသက်နှင့် အိုးအိမ် ဆုံးရှုံးပျက်စီးမှုများအားလုံး၏ အဓိက တရားခံမှာ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များ ဖြစ်ကြောင်း၊ မကြာတော့သည့်အချိန်တွင်အကြမ်းဖက် စစ်ကောင်စီများကို ပြည်သူလူထုနှင့် နိုင်ငံ တကာခုံရုံးများတွင် တရားစွဲပြီးတရားမျှတမှု ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ခွန်းဘီထူးက ပြော သည်။

“အရေးတော်ပုံ အောင်မြင်တဲ့အချိန် ကျဆုံးသွားတဲ့ ရဲဘော်များ၊ ပြည်သူများ၏ နစ်နာခဲ့မှုများကို တာဝန်ခံပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်နဲ့ လမ်းတံတားများကို အတူတကွ ပြန်လည်တည်ဆောက်ပြုပြင်ပါ့မယ်။ရဲဘော်တို့ ပြည်သူလူထုတို့ လုံခြုံပြီး အေးချမ်းတည်ငြိမ်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ အတူတကွ ဆက်လက် ချီတက်သွားပါ့မယ်” ဟု ၎င်းက ပြောသည်။

KNDF၏ ရည်မှန်းချက် ရာနှုန်းပြည့် အောင်မြင်မှုရရှိရေးအတွက် ဆက်လက်ကြိုးစားရအုံးမည်ဖြစ်ကြောင်း ခွန်းဘီထူးက ပြောသည်။

“တပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ရေးရာ တိုက်ပွဲနဲ့ နယ်မြေထိန်းချုပ်မှုများ အတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားရအုံးမှာ ဖြစ်တယ်။ အထူးသဖြင့် ညီညွတ်မှုနဲ့ အခြားအင်အားစုများအားလုံးကို ချိတ်ဆက်ဆောင် ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်းကြရအောင်။ အရေး တော်ပုံ အမြန်ဆုံးအောင်မြင်ရန် ဆက်လက်ကြိုးပမ်းကြပါစို့” ဟု KNDF ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌတာဝန်ယူခဲ့သူလည်းဖြစ်သည့် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးသည် အမျိုးသားညီညွတ် ရေးအစိုးရသယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

သတင်း

"KNDF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီးစံပြတော်လှန်ရေးတပ်ဖြစ်အောင်ရပ်တည်ပြရမှာဖြစ်တယ်။ရပ်ဝေးရပ်နီးရှိ PDF တပ်ဖွဲ့များအားလုံး မိမိတို့ KNDF နှင့်အတူ လက်တွဲ တိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်"ဟု KNDF ဥက္ကဌ ခွန်းဘီထူးကပြော သည်။

သတင်း

“မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတချို့ ဆုံးရှုံးတယ်လို့ကြားရပါတယ်၊ လူကော၊ လက်နက်ကော ဆုံးရှုံးတာမကြားမိသေးဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

လက်ရှိတွင် မိုးဗြဲ၊ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်နေရသော ပြည်သူများအားထည့်သွင်း တွက်ချက်မှုအရ ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။