Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို တော်လှန်နေသည့် KNDF၏ (၁)နှစ်အတွင်းဆောင်ရွက်နိုင်မှုများကို MNDAA/TNLAနှင့် AAတို့ ဂုဏ်ပြု

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

MNDAA/TNLAနှင့် AAတို့ ဂုဏ်ပြုသဝဏ်လွှာ
MNDAA/TNLAနှင့် AAတို့ ဂုဏ်ပြုသဝဏ်လွှာ

▪️တက်စွမ်းသရွေ့ ပံ့ပိုးကူညီပေးမည်ဟု သဝဏ်လွှာပို့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတတ် ၃ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအား ရရာလက်နက်၊ ရသည့်နည်းပေါင်းစုံဖြင့် ခုခံတော်လှန်စစ် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းများထဲတွင် KNDF သည်လည်း တစ်ခု အပါအဝင် ဖြစ်ပြီး KNDF သည် ကရင်နီလူမျိုးများနှင့် ၎င်းတို့ ဒေသရှိ ပြည်သူ လူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ် တို့အား ကာကွယ်စောင့်ရှောက်ရေး ၊စစ်အာဏာရှင်စနစ်အမြစ်ပြတ် ဖြုတ်ချရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာသည်မှာ (၁)နှစ်ပြည့်နေ့သို့ပင်ရောက်ရှိလာပြီဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

(၁)နှစ်တာကာလအတွင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက် လူအင်အားဖြည့်တည်ဆောက်နိုင်ခြင်း၊ စုဖွဲ့မှု ကောင်း ကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအား ချေမှုန်း တိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ တည် ဆောက်နိုင်ခြင်း၊ အပါအဝင်ထိုက်သင့်သည့် စစ်ရေး အတွေ့အကြုံရရှိထားသော အဖွဲ့အစည်းဖြစ်သည်ဟု ညီနောင်သုံးဖွဲ့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ညီနောင် မဟာမိတ် ၃ဖွဲ့ အနေဖြင့် ဘ၀တူတော်လှန်ရေးအဖွဲ့အစည်း KNDF ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုကို အလေးထား အသိအမှတ်ပြုခြင်းနှင့်အတူ တက်နိုင်သည့် အကူအညီများကိုလည်း တက်စွမ်းသရွေ့ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး အဖွဲ့လေးဖွဲ့လုံးမှ ရဲဘော်များအားလုံး ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

သတင်း

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။

သတင်း

"KNDF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီးစံပြတော်လှန်ရေးတပ်ဖြစ်အောင်ရပ်တည်ပြရမှာဖြစ်တယ်။ရပ်ဝေးရပ်နီးရှိ PDF တပ်ဖွဲ့များအားလုံး မိမိတို့ KNDF နှင့်အတူ လက်တွဲ တိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်"ဟု KNDF ဥက္ကဌ ခွန်းဘီထူးကပြော သည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။