Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ အိမ်အပြင်မထွက်ကြရန် မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး

အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်တွင်ပါ ပြောက်ကျားတိုက်ခိုက်နေသည့် မုံရွာမြို့နယ်တွင်ယခင်ရက်ပိုင်းက အင်တာနက်နှင့်ဖုန်းလိုင်းများပါ ဖြတ်တောက်ပြီး သတင်းအမှောင်ချမှုများ ပြုလုပ်ခဲ့သေးသည်။

(မုံရွာမြို့တွင်း လမ်းတစ်ခုပေါ်တွင် ဆန္ဒပြပြည်သူများအား နှိမ်နင်းခဲ့သည့် အကြမ်းဖက်စစ်တပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင်း လမ်းတစ်ခုပေါ်တွင် ဆန္ဒပြပြည်သူများအား နှိမ်နင်းခဲ့သည့် အကြမ်းဖက်စစ်တပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခြင်းမပြုကြရန် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေးကြေညာသည်။

ယနေ့(မေလ ၃၁ ရက်)နံနက် ၁၀နာရီအချိန်မှစ၍ မုံရွာမြို့နေပြည်သူများ အပြင်လမ်းမပေါ်သို့ မထွက်ကြရန် Monywa UG တပ်ပေါင်းစုများမှ ထုတ်ပြန်သတိပေးသည်။ ထို့အပြင် ပြန်လည်ထွက်ခွင့်ရမည့်အချိန်ကို ထပ်မံအသိပေးပေးသွားမည်ဟု Monywa UG တပ်ပေါင်းစုက ပြော သည်။

ယနေ့နံနက်ပိုင်းက မုံရွာမြို့ ကျောက္ကာလမ်းနှင့် ဇလုပ်ကြားတွင် အကြမ်းဖက်စစ်တပ်က ရမ်းပစ်နေကြောင်း၊ ယမန်နေ့က မုံရွာ – အရာတော်လမ်းပေါ် တိုက်ခိုက်ခံရပြီး အထိအခိုက်များထားသောကြောင့် အင်အား ၄၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအား မြို့ပေါ်တွင်ပါ ပြောက်ကျားတိုက်ခိုက်နေသည့် မုံရွာမြို့နယ်တွင်ယခင်ရက်ပိုင်းက အင်တာနက်နှင့်ဖုန်းလိုင်းများပါ ဖြတ်တောက်ပြီး သတင်းအမှောင်ချမှုများ ပြုလုပ်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။"ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

သတင်း

ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သတင်း

လက်ရှိတွင် မိုးဗြဲ၊ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်နေရသော ပြည်သူများအားထည့်သွင်း တွက်ချက်မှုအရ ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။

သတင်း

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။