Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး PDFများအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသည့် ပျူတစ်ဦး သုတ်သင်ရှင်းလင်းခံရ

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

တောပုရွာ
တောပုရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး PDF များအား အမြစ်ဖြုတ်မည်ဟုကြိမ်းဝါးနေသော ပျူစောထီးတစ်ဦး သုတ်သင်ရှင်းလင်းခဲ့ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

ယမန်နေ့(မေလ၃၀ရက်)ညနေ ၃နာရီဝန်းကျင်က မုံရွာ – မန္တလေးလမ်း၊ ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တောပုကျေးရွာမှ ပျူစောထီးတစ်ဦးအား Black Hunter People Task Force အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ပျူသင်တန်းတက်ရောက်ထားပြီး တောပုကျေးရွာပျူအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

၎င်းသည် လက်နက်အားကိုးဖြင့် အနီးနားရှိကျေးရွာများအား ဒုက္ခမျိုးစုံပေးခြင်း၊ ကျေးရွာနေပြည်သူများအား အော်ဟစ်ဆဲဆိုခြိမ်းခြောက်ရမ်းကားသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလည်း စစ်ကောင်စီနှင့်ပေါင်း၍ အမြစ်ဖြတ်ရှင်းလင်းမည်ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း Black Hunter People Task Force အဖွဲ့က ပြောသည်။

မေလ ၂၂ရက်ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

ဧပြီလ ၁၇ ရက်က မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပပြီးချိန် လမ်းပိုင်းကင်းစောင့်ပေးနေသော ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦး ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့အားသတ်ဖြတ်သွားသူများတွင် တောပုရွာမှ ပျူစောထီးများပါဝင်ကြောင်း ​ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မေ ၂၈ ရက် မနက် ၇ နာရီခွဲအချိန်က ဖာပွန်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်တွေဟာ မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပွယ်ပါကကျေးရွာထဲကို အမြောက်လက်နက်ကြီးပစ်ချခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး အဖွဲ့လေးဖွဲ့လုံးမှ ရဲဘော်များအားလုံး ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

သတင်း

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

သတင်း

KNDF၏ စစ်ဦးစီးနှင့် မဟာမိတ်အဖွဲ့အစည်းတို့သည် KNDF အား ဆက်လက် လမ်းညွှန် စောင့်ရှောက်လျက်ရှိကြောင်း၊ KNDF၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ခံပေးနေသည့် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး နှင့် လက်တွဲတိုက်ပွဲဝင်နေသည့် KA ရဲဘော်များအားလုံးကို ကျေးဇူးတင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။