Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မည်ဖြစ်၍ ယခုလကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းရန် ဖြူး PDF သတိပေး

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ဖြူး PDF သတိပေး
ဖြူး PDF သတိပေး

“နန်းထိုက်အောင်စစ်ဆင်ရေး”အစိတ်အပိုင်းအဖြစ် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မည်ဖြစ်၍ ယခုလကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းရန် ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(ဇွန် ၄ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များအနက် ရဲ၊စစ်သား၊ပျူစောထီးအပါအဝင် မြို့နယ်အဆင့်၊ရပ်ကျေးအဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်ကြောင်း အသိပေးသည်။

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

တာဝန်မှ နှုတ်ထွက်ပြီးပြည်သူလူထုနှင့် ပူးပေါင်းလိုသူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် Phyu၏ လူမှုကွန်ရက်မှတဆင့် ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

မေလ ၂၃ရက်ကလည်း ပဲခူးတိုင်း၊သာယာဝတီမြို့နယ်၌ “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ်”တပ်မ (၆၆)၏ ခလရ – ၃၅ တပ်ရင်းသို့ ဆန်ရိက္ခာများထောက် ပံ့ပေးနေသော ဆန်စက်အား မိုင်းခွဲတိုက်ခိုက်ထားသည်။

လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင် ရေး”မှာ ရန်ကုန်တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည် နယ်အတွင်း၌ပါ ဆောင်ရွက်နေကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောသည်။

ယခုနှစ် ဧပြီ၈ရက်ကစတင်ခဲ့သော နန်းထိုက်အောင်စစ်ဆင်ရေးတစ်လအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်း လင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း - ၂ ၊ KNDF တပ်ရင်း - ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေရသည်အထိ၊ စစ်အာဏာရှင်စနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

သတင်း

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲမှာမသမာမှု လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတာဖြစ်ပါတယ်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းချိန်ကစ၍ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် နှိပ်စက် ညှင်းပမ်းမှု(Torture)နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု(Crime Against Humanity)များအပေါ် တရားစွဲဆိုမှုကို တူရကီတရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။