Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံပိုင်နက် ၅ ပုံ ၁ ပုံလောက် ရုရှား သိမ်းပိုက်တာ ခံထားရကြောင်း ယူကရိန်း သမ္မတပြော

ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ အားလုံးဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဆင်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေကြတယ်လို့ အွန်လိုင်း ဗီဒီယို မိန့်ခွန်းမှာ ဇီလန်စကီးက ပြောသွားပါတယ်။ အခုဆိုရင် ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

Volodymyr Zelenskyy
Volodymyr Zelenskyy

နိုင်ငံ ပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံလောက်ဟာ ရုရှား ထိန်းချုပ်မှု အောက်ကို ကျရောက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ခဲ့တဲ့ စစ်ပွဲကာလ ရက် ၁၀၀ ပြည့်ဖို့ နီးကပ်လာချိန်မှာ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဇီလန်စကီးက အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ လူဇင်ဘာ့ဂ် နိုင်ငံက လွှတ်တော် အမတ်တွေကို မိန့်ခွန်း ပြောကြားချိန်မှာ ဇီလန်စကီးက ကျူးကျော်သူ ရုရှားတပ်တွေဟာ ယူကရိန်း နယ်မြေ စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားသလို ရှေ့တန်း စစ်မျက်နှာ အရှည်အလျားကလည်း ကီလိုမီတာ ၁၀၀၀ လောက်ထိ များပြားလာပြီလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ အားလုံးဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဆင်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေကြတယ်လို့ အွန်လိုင်း ဗီဒီယို မိန့်ခွန်းမှာ ဇီလန်စကီးက ပြောသွားပါတယ်။ အခုဆိုရင် ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

ဗြိတိန် စစ်ထောက်လှမ်းရေးက ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက မြို့ရွာတွေကို လက်နက်ကြီး ပစ်ကူအင်အား မတန်တဆ အသုံးပြု တိုက်ခိုက်ပြီး တစ်ရစ်ချင်းစီ ရှေ့တိုး သိမ်းပိုက်နေတယ်လို့ သုံးသပ်ထားပါတယ်။ ဇီလန်စကီးကတော့ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေဟာ အစွမ်းရှိသမျှ ခုခံနေသလို ကျူးကျော်သူ ရုရှားတပ်တွေကိုလည်း တန်ပြန်တိုက်စစ်ဖွင့်နေကြောင်း ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းအတွက် တာလတ်ပစ် ဒုံးကျည်တွေ အပါအဝင် နောက်ထပ် ခေတ်မီ စစ်လက်နက် အသစ်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ယူကရိန်းအတွက် အသစ်လက်ခံ ရရှိမယ့် စစ်လက်နက်တွေဟာ ရုရှား ပိုင်နက်ထဲထိ ရောက်အောင် ပစ်ခတ်နိုင်ဖွယ် ရှိတာကြောင့် ဒီကိစ္စက ရုရှားအတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်နေကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ နေ့တိုင်းလိုလို လူမြင်ကွင်း ထွက်ပြီး အလုပ်လုပ်နေကြောင်း၊ ပုံမှန် မိန့်ခွန်းပြောတာတွေ၊ အစိုးရ အဖွဲ့ကို ဦးစီး ညွှန်ကြားတာတွေ ပြုလုပ်နေကြောင်း၊ သမ္မတမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ဘယ်လို ရောဂါ လက္ခဏာမျိုးမှ ပြသတာ မတွေ့ရကြောင်း လက်ဗ်ရော့ဗ်က...

ဗီဒီယို

ရုရှားနဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကိယက်ဗ် မြို့တော်ကနေ စစ်ရေး အခြေအနေတွေကို ကွပ်ကဲနေခဲ့တဲ့ သမ္မတဟာ ၃ လလောက် အကြာမှာ ခါကစ်ဗ်မြို့၊ ရှေ့တန်းနေရာထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်မှာ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ကျူးကျော်သူတွေကို...

နိုင်ငံတကာ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ စစ်သင်္ဘော တစ်စီးကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ထောင့်မတ် အနေအထားမျိုး ပျံတက်သွားတာ တွေ့ရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က Zirconဟာ ရုရှားရဲ့ ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်သစ် လက်နက် စီမံကိန်းတွေထဲက...

နိုင်ငံတကာ

ရုရှားက ယူကရိန်းမှာ ကျူးကျော်စစ် စတင်ချိန် ကတည်းက စစ်သည် ၁၀၀၀ ကျော် အသေအပျောက် ရှိခဲ့ကြောင်း ကြေညာထားပါတယ်။ ယူကရိန်းဖက်ကတော့ ရုရှားဖက်က ထိခိုက်သေကြေမှုဟာ သောင်းဂဏန်းထိ များပြားလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။