Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျက်ထိုးနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သား ကိုဖြိုးမင်း​အောင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလှုံလာသော ပြည်သူ့ ရဲတပ်သားကိုဖြိုးမင်းအောင်ကို MVRFက ကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူ့ရင်ခွင်အဖွဲ့
ပြည်သူ့ရင်ခွင်အဖွဲ့

▪️ကျပ်သိန်း ၁၀၀ ဂုဏ်ပြုချီးမြှင့်

မကွေးတိုင်း၊ ကမ္မမြို့နယ် ကျက်ထိုးနယ်မြေ ရဲကင်း စခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး – MVRFက ယနေ့(ဇွန် ၄ ရက်) ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်အဖွဲ့
ပြည်သူ့ရင်ခွင်အဖွဲ့

ကျက်ထိုး ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားကိုဖြိုးမင်းအောင် ကိုယ်ပိုင်အမှတ် လ -၂၇၇၃၁၇သည် ပြည်သူ့ဘက်သို့ ယူဆောင်လာသော ပစ္စည်းများမှာ G3 အမျိုးအစားသေနတ် ၁ လက်၊ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၉တောင့် တိတိပါရှိသည်ဟု ဆိုသည်။

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလှုံလာသော ပြည်သူ့ ရဲတပ်သားကိုဖြိုးမင်းအောင်ကို MVRFက ကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူ့ရင်ခွင်အဖွဲ့
ပြည်သူ့ရင်ခွင်အဖွဲ့

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်တာဝန် မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်လာသည့် ရဲ နှင့်စစ်သား တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ရှိကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီကိုကာကွယ်​ပေး​နေ​သော က​​မ္ဘောဒီးယားအပါအဝင် အာဆီယံနိုင်ငံအချို့ကို မြန်မာပြည်သူများက စိတ်ပျက်နေချိန်တွင် သံရုံးဝန်ထမ်းအချို့ CDM တွင် ပူးပေါင်းပါဝင်လာနေသည်။

သတင်း

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်၏ မတရားသောအမိန့်၊ တာဝန်များကို ဆက်လက်တာဝန်မထမ်းဆောင်လိုသော အထက်ပါအရာရှိနှင့်တပ်သားတို့သည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ လွတ်မြောက်နယ်မြေတစ်ခုသို့ စစ်ဘက်သုံးလက်နက်များစွာဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင်လာခဲ့ ခြင်းဖြစ်သည်။

သတင်း

အထူးသဖြင့် စစ်ကိုင်း၊မကွေး၊ချင်း နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် ပြည်သူအခြေပြုသင်ကြားရေးများမြင့်တက်လာသည်။