Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူတွေလှူဒါန်းထားတဲ့ ငွေတွေနဲ့ ထုတ်လုပ်နေတဲ့ လက်နက်တွေကို Ayadaw Bone NaingPDF အဖွဲ့က ပြည်သူ့ထံ ချပြ

စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေရသည်အထိ၊ စစ်အာဏာရှင်စနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

Ayadaw Bone NaingPDF
Ayadaw Bone NaingPDF

ပြည်သူတွေလှူဒါန်းထားတဲ့ ငွေတွေနဲ့ ထုတ်လုပ်နေတဲ့ လက်နက်တွေကို စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် Ayadaw Bone NaingPDF အဖွဲ့က ပြည်သူ့ထံ ချပြခဲ့ပါတယ်။

ပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ 5.56 အော်တိုမောင်းပြန်သေနတ်၊ ကိုးလုံးကျည်နဲ့ ပစ်ခတ်နိုင်တဲ့ တူမီးတစ်ထောင့်ထိုး သေနတ်များ၊တစ်ဖက်ပွင့် ပစ်မိုင်းများ၊ ကွဲအားပြင်းမိုင်းများ ထုတ်လုပ်နေတယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

Ayadaw Bone NaingPDF
Ayadaw Bone NaingPDF

ပြည်သူတွေရဲ့ ကူညီမှုနဲ့ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ပြီး ခံစစ်အနေအထားကနေ ထိုးစစ်ကို ဦးတည်မယ်လို့ Ayadaw Bone NaingPDF အဖွဲ့က ပြောပါတယ်။

စိုးမိုးနယ်မြေကနေ ထိန်းချုပ်နယ်မြေရသည်အထိ၊ စစ်အာဏာရှင်စနစ်ကနေ ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Ayadaw Bone NaingPDF အဖွဲ့က အသိပေးပါတယ်။

ရှေ့ဆက်ထုတ်လုပ်နိုင်ဖို့ ပြည်သူတွေရဲ့ ပံ့ပိုးမှုလိုအပ်နေပြီးဆက်၍လည်း တတ်နိုင်သလောက် လှူဒါန်းကူညီအားဖြည့်ပေးဖို့ A.B.N PDFက မေတ္တာရပ်ခံပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF အဖွဲ့အချို့ဟာ ကိုယ်ပိုင်လက်နက်တွေထုတ်လုပ်ပြီး တခြားအဖွဲ့တွေကို ပြန်လည်ဝေမျှရောင်းချပေးတာတွေ၊ ရတဲ့ငွေနဲ့ မီးရှို့ခံရလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေကို လှူဒါန်းတာတွေ ပြုလုပ်နေကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

သတင်း

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

သတင်း

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။

သတင်း

ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။