Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တူရကီရဲ့ နာမည်ကို တရားဝင် ပြောင်းလဲ ခေါ်ဆိုဖို့ ကုလသမဂ္ဂ သဘောတူ

နိုင်ငံနာမည် ပြောင်းလဲမှုကို လူသိများအောင် လုပ်ဆောင်မှု တစ်ခုအဖြစ် ပြည်ပကို တင်ပို့တဲ့ ကုန်စည်တွေမှာ “တူကီရယ်တွင် ပြုလုပ်သည်”ဆိုတဲ့ စာသားကို ဖော်ပြထားမှာပါ။ ဒါ့အပြင် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း နာမည် အသစ်နဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

တူရကီ
တူရကီ

နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာသုံး နာမည်ကို တရားဝင် ပြောင်းလဲ မှည့်ခေါ်သွားတော့မယ်လို့ သိရပါတယ်။

တူရကီ အစိုးရက နိုင်ငံရဲ့ နာမည်ကို ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ်စေဖို့ အဆိုပြု ပန်ကြားထားမှုကို ကုလသမဂ္ဂ အဖွဲ့ကြီးက လက်ခံ ပေးလိုက်ပြီ ဖြစ်ပါတယ်။ တူရကီ အစိုးရဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တချို့ကို နိုင်ငံရဲ့ နာမည် အခေါ်အဝေါ် ပြောင်းလဲပေးဖို့ တရားဝင် ပန်ကြားထားပါတယ်။ တူရကီက ပြည်တွင်းမှာ အသုံးပြုတဲ့ အခေါ်အဝေါ်အတိုင်း တူကီရယ်ဆိုတဲ့ အသုံးအနှုန်းကို အပြည်ပြည်ဆိုင်ရာ အတိုင်းအတာထိ ပြောင်းလဲစေချင်နေတာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က အကောင်အထည်ဖော်ဖို့ စီစဉ်လာတဲ့ ပုံရိပ်သစ် ပြင်ဆင် ပြောင်းလဲရေး စီမံကိန်း အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ပါတယ်။ တူကီရယ်ဆိုတဲ့ စကားလုံးဟာ တူရကီ ပြည်သူတွေရဲ့ ယဉ်ကျေးမှု၊ တန်ဖိုးနဲ့ ပုံရိပ်တွေကို ကိုယ်စားပြုကြောင်း ဒီဇင်ဘာလမှာ သမ္မတ အာဒိုဝမ်က ပြောခဲ့ဖူးပါတယ်။

ပြည်တွင်းမှာတော့ ပြည်သူတွေက တူကီရယ်လို့ တွင်တွယ်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲနေပေမယ့် နိုင်ငံတကာ အသိုက်အဝန်းမှာတော့ တူရကီဆိုတဲ့ စကားလုံးကသာ လူသိများနေခဲ့ပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံနာမည်ကို ပြင်ဆင် ပြောင်းလဲချင်တဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့ တူရကီဆိုတဲ့ စာလုံးပေါင်းက အင်္ဂလိပ် စကားမှာ ကြက်ဆင်ဆိုတဲ့ ဝေါဟာရနဲ့ တူညီနေတာကြောင့်လို့ သိရပါတယ်။

နိုင်ငံနာမည် ပြောင်းလဲမှုကို လူသိများအောင် လုပ်ဆောင်မှု တစ်ခုအဖြစ် ပြည်ပကို တင်ပို့တဲ့ ကုန်စည်တွေမှာ “တူကီရယ်တွင် ပြုလုပ်သည်”ဆိုတဲ့ စာသားကို ဖော်ပြထားမှာပါ။ ဒါ့အပြင် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း နာမည် အသစ်နဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက နယ်သာလန် နိုင်ငံဟာ ဟော်လန်ဆိုတဲ့ တခြားနာမည်ကို တရားဝင် ပယ်ဖျက်ခဲ့ပြီး မက်စီဒိုးနီးယားကလည်း ဂရိနဲ့ နိုင်ငံရေး ပြဿနာ တချို့ကို အကြောင်းပြုပြီး မြောက်ပိုင်း မက်စီဒိုးနီးယားလို့ နာမည် ပြောင်းခဲ့ပါတယ်။ ဆွာဇီလန် နိုင်ငံကလည်း ၂၀၁၈ မှာ အက်စ်ဝါတီနီလို့ နာမည် ပြောင်းခဲ့ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း ပါရှားဟာ အီရန်လို့ နာမည်ပြောင်းတာမျိုး၊ ဆိုင်ယမ်က ဒီနေ့ခေတ် ထိုင်းနိုင်ငံ ဖြစ်လာတာမျိုး၊ ရိုဒေးရှားက ဇင်ဘာဘွေ နိုင်ငံအဖြစ် ပြောင်းလဲသွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

ဗီဒီယို

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

News

KNU ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်သည် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့် ကိုက်ညီသည်။

ဗီဒီယို

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဂူတာရက်စ် ရောက်ရှိနေတဲ့အချိန် ကိယက်ဗ်ကို ဒုံးကျည်နဲ့ ပစ်တယ် ဆိုကတည်းက ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။