Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အင်အားရာချီသုံးနေ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)ရဲဘော်များအား တွေ့ရစဥ်
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)ရဲဘော်များအား တွေ့ရစဥ်

ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား လေးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF)က ယနေ့(ဇွန် ၁၀)အသိပေး ထုတ်ပြန်သည်။

တိုက်ပွဲများမှာ ဇွန်လ၆ ရက်တွင် တစ်ကြိမ်၊ ဇွန်လ ၇ ရက်တွင် တစ်ကြိမ်၊ ၈လ ရက်တွင် နှစ်ကြိမ်နှင့် ၉ ရက်တွင် တစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦး ထိခိုက်သေဆုံးပြီး အရေအတွက်အတိအကျအား အတည်မပြုရန် နိုင်သေးကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဇွန်လ၇ ရက်၌မူ စစ်ကောင်စီတပ်များသည် ရောင်နက်ကျေးရွာဘက် ထိုးစစ်ဆင်လာရာ YDF တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့်တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

အလားတူ ဇွန်လ၈ ရက်တွင်လည်း စစ်ကောင်စီတပ်များက အနောက်ဂန့်ဂေါဘက် စစ်ကြောင်းထိုးလာရာ နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်။

ယင်းနေ့နေ့လယ် ၂ နာရီခန့်တွင် တောင်ပြင်ရွာဘက်သို့ စစ်ကြောင်းထိုးလာရာ YDF နှင့်အတူ ဆင်တန် CDF တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက် ခိုက်ခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်ရှိသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ၉ ရက်တွင် မြစ်သာမြစ်အနောက်ဘက်ခြမ်းဒေသများသို့ စစ် ကြောင်းထိုးလာရာ မကျည်းခင်ကျေးရွာ၌ တပ်စွဲထားစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အထက်ပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားရာချီအသုံးပြုလာသည်ကို ခုခံတိုက်ခိုက်ရင်း YDF တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့ နယ်အတွင်း အင်အားရာချီဖြင့် စစ်ကြောင်းလေးကြောင်းထိုးလျက်ရှိရာ YDFတပ်ဖွဲ့မှ စစ်ရေးအရရင်ဆိုင်ရန် အကူအညီများလိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် နဲ့ အမျိုးသား ၂ ဦးရဲ့ သေဒဏ်ကို အတည်ပြုပြီးကွပ်မျက် ဖို့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလာတာပါ။

သတင်း

သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။

သတင်း

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

သတင်း

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။