Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ် Test Kitတွေ စျေးတင်ရောင်းခွင့် ပေးခဲ့မှုအတွက် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး အဖမ်းခံရ

ပြည်တွင်းမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ သိပ္ပံဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကြားမှာ အမြတ်ထုတ် အဂတိ လိုက်စားမှုတွေ ရှိခဲ့သလား ဆိုတာကို ဗီယက်နမ် အစိုးရက ထဲထဲဝင်ဝင် စုံစမ်းခဲ့ပါတယ်။

ဗီယက်နမ် ကျန်းမာရေးဝန်ကြီး
ဗီယက်နမ် ကျန်းမာရေးဝန်ကြီး

ကိုဗစ်ရောဂါ စစ်ဆေးတဲ့ တစ်ခါသုံး ကိရိယာ Test Kitတွေ စျေးတင် ရောင်းချဖို့ အားပေးအားမြှောက် လုပ်မှုအတွက် ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ကျန်းမာရေး ဝန်ကြီး ငုယင်သန်လောင်အပြင် အရင်က သိပ္ပံရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ ဟနွိုင်း မြို့တော်ဝန် ချူငေါ့အန်းပါ ရာထူးက ထုတ်ပယ် ခံလိုက်ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ သူတို့ နှစ်ဦးဟာ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုမှု စွပ်စွဲချက်အတွက် တရားရင်ဆိုင် ဖြေရှင်းရတော့မှာပါ။

ပြည်တွင်းမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ သိပ္ပံဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကြားမှာ အမြတ်ထုတ် အဂတိ လိုက်စားမှုတွေ ရှိခဲ့သလား ဆိုတာကို ဗီယက်နမ် အစိုးရက ထဲထဲဝင်ဝင် စုံစမ်းခဲ့ပါတယ်။

လောင်သန်နဲ့ ငေါ့အန်းတို့ နှစ်ဦးဟာ Viet Aလို့ခေါ်တဲ့ နည်းပညာ ကုမ္ပဏီ တစ်ခုက ဗီယက်နမ်မှာရှိတဲ့ ဆေးရုံတွေ၊ ကျန်းမာရေး ဌာနတွေကို Test Kitတွေ စျေးကြီးကြီးနဲ့ ရောင်းချနိုင်အောင် လုပ်ပိုင်ခွင့် အသုံးချပြီး ကြားဝင် ခွင့်ပြုပေးခဲ့ကြောင်း ပြည်သူ့ ဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နှစ်ယောက်စလုံးဟာ အာဏာရ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေ အဖြစ်ကနေလည်း ဖယ်ရှား ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာန ခေါင်းဆောင်တွေ၊ စစ်တပ်ထဲက ဗိုလ်ချုပ်တွေ အပါအဝင် လူပေါင်း ၆၀ ဝန်းကျင်လောက်ဟာ ဖမ်းဆီးခံရတာ၊ စစ်ဆေးမေးမြန်း ခံရတာတွေ ကြုံနေပါတယ်။

ကပ်ရောဂါ ကာလမှာ စျေးနှုန်းမြှင့်တင် အမြတ်ထုတ်ခဲ့တဲ့ လုပ်ရပ်မျိုး ကျူးလွန်သူတွေအပေါ် အစိုးရ အနေနဲ့ ဘယ်လို အကြောင်းကြောင့်မှ သည်းခံနေမှာ မဟုတ်ဘူးလို့ ပြည်သူ့ ဖူလုံရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ သိပ္ပံရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး တစ်ဦးဖြစ်တဲ့ ဖမ်ကောင်တက်လည်း အဲဒီ အမှုနဲ့ ဆက်နွှယ်ပြီး အဖမ်း ခံခဲ့ရပါသေးတယ်။

Viet Aဟာ ပြည်တွင်းက ဆေးရုံနဲ့ ကျန်းမာရေးဌာန ၆၂ ခုကို ဒေါ်လာ ၁၇၂ သန်း တန်ဖိုးရှိတဲ့ Test Kitတွေ ပေးပို့ဖို့ လိုင်စင် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟိုချီမင်းစီးတီး မြို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီဟာ Test Kitတွေကို စျေးတင် ရောင်းချခဲ့ပြီး ရသင့်တာထက် ဒေါ်လာ ၂၁.၅ သန်းလောက် အမြတ်ပိုရှာသွားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

နိုင်ငံပိုင်နက်ထဲမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေချိန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လူစည်ကားရာ နိုင်ငံတော် ဈာပန အခမ်းအနား တစ်ခုကို နှာခေါင်းစည်း မဝတ်ဘဲ တက်ရောက်ခဲ့ပါတယ်။

ဗီဒီယို

မေလ ၁၂ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicronမျိုးကွဲ ပျံ့နှံ့ ကူးစက်နေကြောင်း တရားဝင် ထုတ်ပြန်လာပါတယ်။ Omicronရဲ့ ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်မှုတွေကို ပြုံယမ်းမြို့တော်နားမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမှန်တကယ် သေဆုံးသူ ဦးရေနဲ့ တရားဝင် ထုတ်ပြန်တဲ့ ဦးရေ ကွာဟနေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဟာ ကပ်ရောဂါ နောက်ဆက်တွဲ သေဆုံးမှုတွေကို ကိုဗစ်ကြောင့် သေဆုံးတဲ့ စာရင်းမှာ ထည့်သွင်းရေတွက်လေ့ မရှိတာကြောင့်လို့ WHOက ယုံကြည်နေပါတယ်။

ဗီဒီယို

ဟားရစ်ဟာ သမ္မတ ဂျိုးဘိုင်ဒန်၊ သမ္မတကတော် ဂျီလ်ဘိုင်ဒန်တို့နဲ့ လတ်တလော အနီးကပ် ထိတွေ့ထားတာမျိုး မရှိဘူးလို့လည်း အလန်က အတည်ပြုခဲ့ပါတယ်။ ဟားရစ်ဟာ ဆေးစစ်ရလဒ် Negative ပြန်မဖြစ်မချင်း ရုံးမတက်ဘူးလို့လည်း သိရပါတယ်။