Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်တွင် အင်အား ၁၀၀ကျော်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

PDF - တလုပ်
PDF - တလုပ်

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန်

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်များပြားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တလုပ်(မြင်းခြံခရိုင် တပ်ရင်း – ၂)က ထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေစကြိုမြို့နယ် ဆင်ခြေယာရွာမှ ဇရပ်နီရွာသို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းအား ဇရပ်နီရွာနှင့် ရွှေလုံရွာကြား အရောက်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် အလစ်အငိုက် တိုက်ခိုက်ခြင်းခံရပြီး ၀ရုဏ်းသုန်းကားဖြစ်ကာ ဂျန်ပါကြောင့် မကွဲသော မိုင်းကြိုးများအား တိုက်မိပြီး မိုင်း ၃လုံးကွဲပြီး စစ်ကောင်စီတပ်မှ သုံးဦးလဲကျခဲ့ကြောင်း၊ ထို့နောက် သက်ကွင်းအတွင်း ရောက်လာသော စစ်ကောင်စီတပ်များအား (၄၀)မမ လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးခန့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF – တလုပ်က သတင်းထုတ်ပြန်သည်။

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်များက ပြန်လည်နေရာယူပြီး လက်နက်ကြီး၊ စနိုက်ပါ၊ စက်လက်များ အသုံးပြု တိုက်ခိုက်လာရာ လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

PDF - တလုပ်
PDF – တလုပ်

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တလုပ်(မြင်းခြံခရိုင်တပ်ရင်း -၂) နှင့်အတူ MGN – RANGER ၊ MGN-TIGER၊MGN-21၊ MGN-35၊ Shwe-Ao Revolution Force-SARF၊ တောင်သာ PDF၊ ဗိုလ်ကျားသစ်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် နဲ့ အမျိုးသား ၂ ဦးရဲ့ သေဒဏ်ကို အတည်ပြုပြီးကွပ်မျက် ဖို့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလာတာပါ။

သတင်း

သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။

သတင်း

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။