Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ လက်နက်ဖျက်သိမ်းရေး ညီလာခံမှာ သဘာပတိ ဖြစ်လာတဲ့ မြောက်ကိုရီးယား

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၆၅ နိုင်ငံဟာ အက္ခရာစဉ်အတိုင်း အလှည့်ကျ သဘာပတိ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ပြနေသလို ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်မယ့် အလားအလာတွေလည်း မြင်နေရပါတယ်။

လက်နက်ဖျက်သိမ်းရေးညီလာခံ
လက်နက်ဖျက်သိမ်းရေးညီလာခံ

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘာပတိအဖြစ် မြောက်ကိုရီးယား နိုင်ငံက တာဝန်ယူလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အတော်လေး ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် လက်နက်တွေ ဆက်တိုက် စမ်းသပ်နေတာကြောင့် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ကြုံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အခုတော့ အဲဒီနိုင်ငံက ကုလသမဂ္ဂရဲ့ လက်နက် ဖျက်သိမ်းရေးဆိုင်ရာ အဓိက အဖွဲ့အစည်းမှာ သဘာပတိ နေရာ ရောက်လာခဲ့ပါပြီ။

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၆၅ နိုင်ငံဟာ အက္ခရာစဉ်အတိုင်း အလှည့်ကျ သဘာပတိ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ဆက်တိုက် စမ်းသပ်ပြနေသလို ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်မယ့် အလားအလာတွေလည်း မြင်နေရပါတယ်။

အပြည်ပြည်ဆိုင်ရာ လက်နက် ဖျက်သိမ်းရေး ညီလာခံရဲ့ ဦးဆောင် သဘာပတိအဖြစ် မြောက်ကိုရီးယားကို တာဝန် ပေးလိုက်တဲ့အပေါ် ဝေဖန်သံတွေ ဆူညံနေပေမယ့် ကုလသမဂ္ဂ၊ ဂျနီဗာမြို့ဆိုင်ရာ မြောက်ကိုရီးယား ဌာနေ ကိုယ်စားလှယ် ဟန်တေဆွန်ကတော့ တခြားနိုင်ငံတွေလိုပဲ မြောက်ကိုရီးယားကလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လက်နက် ဖျက်သိမ်းရေး ကဏ္ဍတွေမှာ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်သွားဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အခုလို အလှည့်ကျ သဘာပတိနေရာ ရရှိခဲ့တဲ့အတွက်လည်း မြောက်ကိုရီးယားက ဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဒုံးကျည်တချို့ စမ်းသပ် ပစ်လွှတ်ခဲ့ပြီး အဲဒီထဲက တစ်စီးဟာ တာဝေးပျံသန်းနိုင်တဲ့ အကြီးစား ပဲ့ထိန်းဒုံးလို့ ယုံကြည်ရပါတယ်။ အနောက် မဟာမိတ် နိုင်ငံတွေကတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် ကြံဆောင်နေတဲ့ လုပ်ရပ်မျိုးလို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

နိုင်ငံနာမည် ပြောင်းလဲမှုကို လူသိများအောင် လုပ်ဆောင်မှု တစ်ခုအဖြစ် ပြည်ပကို တင်ပို့တဲ့ ကုန်စည်တွေမှာ “တူကီရယ်တွင် ပြုလုပ်သည်”ဆိုတဲ့ စာသားကို ဖော်ပြထားမှာပါ။ ဒါ့အပြင် ပြည်တွင်းကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း နာမည် အသစ်နဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ

ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းလောက် အကြာမှာပဲ ပြည်တွင်း ကူးစက်လူနာ အရေအတွက်က သန်းနဲ့ချီ များပြားလာကြောင်း အစိုးရ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

ဗီဒီယို

မြောက်ကိုရီးယား အစိုးရဟာ ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်မှုတွေ ရှိနေပြီး လူပေါင်း သိန်းနဲ့ချီ ဖျားနာနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပထမဆုံးအကြိမ် အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နေ့တိုင်း ကူးစက်လူနာရော၊ အသေအပျောက်ပါ တရိပ်ရိပ် တိုးနေတယ်လို့လည်း သိရပါတယ်။