Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာကျုးကျော်လို့ဆိုကာ နေအိမ်တွေ ဖျက်ခံရတဲ့ရပ်ကွက်က ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

အကြော်ဆိုင်ကို အမျိုးသားနဲ့အမျိုးသမီး ဆိုင်ကယ်နဲ့ရောက်လာပြီးအမျိုးသမီးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပြပါတယ်။

ရာအိမ်မှူးပစ်သတ်ခံရတဲ့အကြော်ဆိုင်
ရာအိမ်မှူးပစ်သတ်ခံရတဲ့အကြော်ဆိုင်

မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီ က ကျုးကျော်လို့စွပ်စွဲပြီး နေအိမ်တွေဖယ်ရှားရှင်းလင်းခံရတဲ့ ရပ်ကွက် က ရာအိမ်မှူးတစ်ဦး ဒီနေ့မနက်ပိုင်း သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်သတ်ခံရတဲ့ ရာအိမ်မှူးဟာ ရဲဘော်ကွက်သစ် ရဲ့ ရာအိမ်မှူးဦးသန်းစိုးဖြစ်ပြီး နေအိမ်ရှေ့မှာ သားဖြစ်သူနဲ့အကြော်ရောင်းနေချိန် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာပါ။

အကြော်ဆိုင်ကို အမျိုးသားနဲ့အမျိုးသမီး ဆိုင်ကယ်နဲ့ရောက်လာပြီးအမျိုးသမီးက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပြပါတယ်။

သေနတ်နဲ့သုံးချက်ပစ်သွားတာဖြစ်ပြီး ရာအိမ်မှူးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းက စစ်အုပ်စုဟာ ရဲဘော်ကွက်သစ်ကို မဟာဓာတ်အားလိုင်းနဲ့မလွတ်လို့ဆိုကာကျူးကျော်သတ်မှတ်ပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့တာရှိပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း

ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

သတင်း

ယာဉ်တိုက်မှုအတွက်သွားရောက်ချိန် လုယက်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးလာတာကိုတွေ့ရတဲ့အတွက် ကားနဲ့တိုက်ပြီးဖမ်းပေးလိုက်တာလို့ သိရပါတယ်။

သတင်း

မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။