Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း ဓာတ်အားပေး စက်ရုံပေါ်ကနေ အနိမ့်ဖြတ်ပျံခဲ့တဲ့ ရုရှားဒုံးကျည်

လက်နက်ရေးရာ ပါရဂူတွေက ဒုံးကျည် ပျံသန်းခဲ့တဲ့ လမ်းကြောင်းဟာ အန္တရာယ် ရှိလောက်အောင် နိမ့်လွန်းနေတယ်လို့ သုံးသပ်ကြပါတယ်။ တကယ်လို့သာ အဲဒီဒုံးကျည်ဟာ ကိယက်ဗ်ထိ မရောက်ဘဲ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ထိမှန်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံသွားရနိုင်ခြေတွေ ရှိနေပါတယ်။

ရုရှားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ယူကရိန်းပိုင် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုရဲ့ အပေါ်ကနေ အန္တရာယ် ရှိလောက်တဲ့ အနေအထားမျိုး ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ တကျော့ပြန် အစပြုလာခဲ့ပါတယ်။ ကိယက်ဗ်ရဲ့ နေရာတချို့မှာ ဒုံးကျည်တွေ ကျရောက်ပြီး ပေါက်ကွဲသံတွေ ဆူညံနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရုရှား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ယူကရိန်း အစိုးရပိုင် Energoatom ကုမ္ပဏီရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံပေါ်ကနေ ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့ကြောင်း ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီ စက်ရုံဟာ ကိယက်ဗ်မြို့ကနေ မိုင်ပေါင်း ၂၂၀ လောက် အကွာမှာ တည်ရှိနေပါတယ်။

လက်နက်ရေးရာ ပါရဂူတွေက ဒုံးကျည် ပျံသန်းခဲ့တဲ့ လမ်းကြောင်းဟာ အန္တရာယ် ရှိလောက်အောင် နိမ့်လွန်းနေတယ်လို့ သုံးသပ်ကြပါတယ်။ တကယ်လို့သာ အဲဒီဒုံးကျည်ဟာ ကိယက်ဗ်ထိ မရောက်ဘဲ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ထိမှန်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံသွားရနိုင်ခြေတွေ ရှိနေပါတယ်။

Energoatom ကုမ္ပဏီက ရုရှားဟာ စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို ရည်ရွယ် ခြိမ်းခြောက်တဲ့ အပြုအမူတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ အလွဲအမှား တစ်ခုခုသာ ဖြစ်သွားရင် ကမ္ဘာကြီးအတွက် နောက်ထပ် နျူကလီးယား ကပ်ဘေး တစ်ခုနဲ့ ကြုံသွားရနိုင်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။

ဒုံးကျည်ရဲ့ အသေးဆုံး အစအန အစိတ်အပိုင်းလေး တစ်ခုခုက ပုံမှန် လည်ပတ်နေတဲ့ ဓာတ်အားပေး စက်ရုံကို ထိမှန်ရုံနဲ့တင် နျူကလီးယား ကပ်ဘေးတစ်ခု ပေါ်ပေါက်သွားနိုင်တယ် ဆိုတာကို ရုရှားတွေ နားမလည်ကြောင်းလည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၈၆ ခုနှစ်က ကမ္ဘာကျော် နျူကလီးယား ကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းပိုင် ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေးစက်ရုံ နေရာတဝိုက်ကိုလည်း လောလောဆယ် ရုရှားတပ်တွေက သိမ်းပိုက်ထားကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

ဗီဒီယို

စစ်ပွဲ အောက်မေ့ဖွယ် အခမ်းအနား တစ်ရပ်မှာ မိန့်ခွန်း ပြောတဲ့အခါ သမ္မတယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လက်နက် စမ်းသပ်မှု အစီအမံတွေက ကိုရီးယား ကျွန်းဆွယ်ကိုသာ မကဘဲ အရှေ့မြောက် အာရှ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ် အေးချမ်းမှုကိုပါ စိန်ခေါ် ခြိမ်းခြောက်နေပြီလို့ ထည့်သွင်း ဝေဖန်သွားပါတယ်။

နိုင်ငံတကာ

ကာတာ ရုပ်မြင်သံကြား သတင်းဌာန အယ်လ်ဂျာဇီးယားနဲ့ အင်တာဗျူးမှာ မက်ဗီဒက်ဗ်က တချို့သော ပြည်ပ အင်အားစုတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာပျက်ကိန်း နိမိတ်ကို ဖော်ဆောင်ဖို့ ကြံစည်နေကြောင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ အားလုံးဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဆင်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေကြတယ်လို့ အွန်လိုင်း ဗီဒီယို မိန့်ခွန်းမှာ ဇီလန်စကီးက ပြောသွားပါတယ်။ အခုဆိုရင် ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဆီဗာရိုဒွန်းနက်စ်ခ်မြို့ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

ဗီဒီယို

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ နေ့တိုင်းလိုလို လူမြင်ကွင်း ထွက်ပြီး အလုပ်လုပ်နေကြောင်း၊ ပုံမှန် မိန့်ခွန်းပြောတာတွေ၊ အစိုးရ အဖွဲ့ကို ဦးစီး ညွှန်ကြားတာတွေ ပြုလုပ်နေကြောင်း၊ သမ္မတမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ဘယ်လို ရောဂါ လက္ခဏာမျိုးမှ ပြသတာ မတွေ့ရကြောင်း လက်ဗ်ရော့ဗ်က...