Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက သတင်းကို​ပြောင်းပြန်ထုတ်ဟု PDFက​လေး​ပြော

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။

(PDF က​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF)
(PDF က​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF)

ကလေးမြို့နယ်မှ PDF အချို့ စစ်ကောင်စီထံ ခိုလှုံလာကြောင်း သတင်းထုတ်ပြန်မှုသည် ဟာသသက်သက်ဖြစ်ပြီး အမှန်တကယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာKalay PDF ထံ လက်နက်ချ၍ပြည်သူနှင့်ပူးပေါင်းမှုများရှိ​ကြောင်းက​လေး PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်စွန့်ပါက ကြိုဆိုမည်ဟု စစ်ကောင်စီက ယမန်နေ့(ဇွန် ၁၁ရက်)ညတွင် ဖော်ပြလာပြီး တစ်ဆက်တည်းတွင် PDF တပ်ဖွဲ့ဝင်ငါးဦး ၎င်းတို့ထံ ခိုလှုံလာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်မှုသည် ၁၀၀ ရာခိုင်နှုန်းမှားယွင်းသည့်သတင်းဖြစ်ပြီး အလွန်ရယ်စရာကောင်းသည်ဟုက​လေး PDFမှ ဆေးမှူး ဆရာမဒေါ်ရတီအုန်းက ပြောသည်။

” ကလေးဘက်က PDF တွေ အလင်းဝင်တယ်ဆိုတာတော့ ဟာသလို့ပဲပြောရမယ်ရှင့်။ တကယ်တမ်းတော့ စစ်ကောင်စီဘက်ကပဲPDF Kalay ဘက်ကို လက်နက်ချတယ်။ အလင်း
ဝင်တယ်။ CDM လုပ်တယ်။ ထွက်ပြေးလာတယ်။အဲ့ဒီလို ပုံသဏ္ဍန်မျိုးစုံနဲ့ တဖွဲဖွဲ ဝင်ရောက်နေတာရှင့်” ဟုဆရာမဒေါ်ရတီအုန်းက ပြောသည်။

စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် ရည်ရွယ်ချက်ရှိရှိ သတင်းမှားထုတ်ပြန်ခြင်းဖြစ်ဟုက​လေးPDF ​ဆေးမှူးကဆက်​ပြောသည်။

ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များလက်နက်စွန့်ပါက ကြိုဆိုမည်ဟု သတင်းထုတ်ပြန်မှုသည် ပြည်သူလူထု၏ခုခံတော်လှန်စစ်အား မနိုင်တော့ဘဲ အရေးနိမ့်တော့မည့်အခြေအနေကို ကြောက်လန့်ကာ စစ်ကောင်စီက လေသံပျော့လာခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုသည်။

” ဒီထုတ်ပြန်ချက်က ပြည်သူ့လူထုတော်လှန်ရေးကို နောက်တစ်ဆင့် အရှိန်မြှင့်လာစေမယ်လို့ ကျွန်တော်ထင်တယ်။ PDFကို အပြတ်နှိမ့်နင်းမယ်လို့ ကြိမ်းဝါးခဲ့တာကနေ အခုတော့ လေသံပျော့လာတာ။ စစ်ကောင်စီ ကျရှုံးတော့မယ်ဆိုတာ မြင်နေရပြီ” ဟု စစ်ကောင်စီတော်လှန်ရေးတွင် ပါဝင်နေသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ခုခံတွန်းလှန်စစ်အား​ကောင်းတဲ့​ဒေသ​တွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီး​​​နေတာဖြစ်ပြီး စစ်ကိုင်းတိုင်က​နေအိမ်အ​ဆောက်အအုံး​ပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံးပါ။ မ​ကွေးတိုင်းက ၃၁၅၅ လုံးမီးရှို့ဖျက်ဆီးခံရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။

သတင်း

မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ကသာမြို့နယ်ကို ဦးတည်၍ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲပြီး ၊ပြည်သူယာဉ်များ (ကား၊ဆိုင်ကယ်၊စက်လှေ)များ မတရားချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

သတင်း

ဇွန်လ ၇ ရက်နေ့ကမြောင်မြို့နယ်၊ ရေလယ်ကျွန်းဒေသအား အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်အား ရေစကြိုမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးသို့ အရောက်တွင် မဟာမိတ်အဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။