Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၈၈)လက်အောက်ခံ ခလရ(၈၃)မှ ထွက်ပြေးလားသော စစ်သားနှစ်ဦးကို အရှင်ဖမ်းမိ

“ခလရ(၈၃)ဆိုတာက ဗန်းမော်မှာ အခြေစိုက်တဲ့တပ်ပေါ့။ အဲဒီကနေ ထွက်ပြေးလာတာ။ တပ်ထဲမှာ ငွေကြေးပြဿနာရှိလို့ထွက်ပြေးလာတာလို့ သိရတယ်”ဟု Eagles Army-HPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထွက်ပြေးလားသော စစ်သားနှစ်ဦး
ထွက်ပြေးလားသော စစ်သားနှစ်ဦး

အကြမ်းဖက်စစ်ကောင်စီတပ်၏ တမ်မ(၈၈) လက်အောက်ခံ ခလရ(၈၃)မှ ထွက်ပြေးလားသော စစ်သားနှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Eagles Army-HPDF က ယနေ့(ဇွန် ၁၂)အသိပေး ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားနှစ်ဦးမှာ တပ်သား သက်ကိုကိုထွေး ကိုယ်ပိုင်နံပါတ် တ-၅၇၀၅၇၂ နှင့် တပ်သား ရှိုင်းဝဏ္ဏအောင် ကိုယ်ပိုင်နံပါတ် တ-၅၇၀၅၇၃ တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ဇွန်လ ၁၀ ရက်က မန္တလေး – ဗန်းမော်ဗျူဟာလမ်းပေါ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ခလရ(၈၃)ဆိုတာက ဗန်းမော်မှာ အခြေစိုက်တဲ့တပ်ပေါ့။ အဲဒီကနေ ထွက်ပြေးလာတာ။ တပ်ထဲမှာ ငွေကြေးပြဿနာရှိလို့ထွက်ပြေးလာတာလို့ သိရတယ်”ဟု Eagles Army-HPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Eagles Army-HPDF တပ်ဖွဲ့မှ မန္တလေး – ဗန်းမော်ဗျူးဟာလမ်း၊ လမ်းပိုင်းတစ်နေရာတွင် နယ် မြေရှင်းလင်းရေးလုပ်စဥ် စစ်ကောင်စီတပ်မှ တပ်ပြေးနှစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ခေတ္တထိန်းသိမ်းစစ်ဆေးပြီးနောက် ပြည်သူ့ရင်ခွင့်နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက် (၂)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ် ၂၄၅၀၀၀၀ ကျပ် ပေးအပ်ခဲ့ပြီး ၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သား တစ်ဦးကို ၂၁သိန်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ယနေ့နံနက် ၉ နာရီခွဲက ပခုက္ကူ - ရေစကြိုလမ်းပေါ် စစ်သားနှင့် ပျူစောထီးများလိုက်ပါလာသော Hijet (အဖြူ)ကားတစ်စီးကို ကျီးကန်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

သတင်း

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ(၂၅၆)နှင့် ခလရ(၂၅၈) တပ်ရင်းကို ဇွန်လ ၈ ရက် နံနက် ၁နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။