Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ချရန်ပြောနေသူများ ပြည်သူ့ရင်ခွင် အရင်ခိုလှုံကြရန် ပြန်လည်ဖိတ်ခေါ်

ခုခံစစ်အတွင်း စစ်ကောင်စီလက်ဝေခံများကို အရှင်ဖမ်းမိပါက NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အတိုင်း လူကိုလူလိုဆက်ဆံကာ ပြန်လွှပေးခဲ့သော်လည်း PDF များကို စစ်တပ်ကဖမ်းမိပါက ရက်ရက် စက်စက် နှိပ်စက်မေးမြန်းပြီး သတ်ပစ်ခဲ့သော လူ့မိစ္ဆာများလက်အောက်တွင် စစ်ကျွန်ဘဝဖြင့် အရိုးထုတ်စရာဘာအကြောင်းမျှမရှိဟု အသိပေးသည်။

(စစ်​ရေးပြ အခမ်းအနားတစ်ခုမှ စစ်​ကောင်စီတပ်သားများ)
(စစ်​ရေးပြ အခမ်းအနားတစ်ခုမှ စစ်​ကောင်စီတပ်သားများ)

PDF များကိုလက်နက်ချရန်ပြောနေသော အ ကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ရင်ခွင် အရင်ခိုလှုံကြရန် တောင်ငူခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်ကယနေ့(ဇွန် ၁၂)တွင်ပြန်လည်ဖိတ်ခေါ်လိုက်သည်။

တောင်ငူခရိုင် PDF အနေဖြင့် ပြည်သူကိုကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာဆိုထားပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတောင်းဆိုသူများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အချိန်မှစ၍ ခုခံကာကွယ်ရန် တိုင်းရင်းသား‌ တော်လှန်‌ရေး နယ်မြေများတွင် သင်တန်းများတက်ရောက်ကာ စစ်အာဏာရူးများလက်မှ လွတ်မြောက်ရန် ပဲခူးရိုးမအတွင်း စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် ခုခံစစ်အတွင်း စစ်ကောင်စီလက်ဝေခံများကို အရှင်ဖမ်းမိပါက NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အတိုင်း လူကိုလူလိုဆက်ဆံကာ ပြန်လွှပေးခဲ့သော်လည်း PDF များကို စစ်တပ်ကဖမ်းမိပါက ရက်ရက် စက်စက် နှိပ်စက်မေးမြန်းပြီး သတ်ပစ်ခဲ့သော လူ့မိစ္ဆာများလက်အောက်တွင် စစ်ကျွန်ဘဝဖြင့် အရိုးထုတ်စရာဘာအကြောင်းမျှမရှိဟု အသိပေးသည်။

လက်နက်အပ်နှံရန် စစ်ကောင်စီက စာထုတ်သည့်အပေါ် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တုန့်ပြန်စာထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်မှ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေး ခွန်းများပြန်လည်မေးမြန်းထားသည်။

၎င်းတို့မှာ ယခင်က တပ်ရင်းတစ်ရင်းလျှင် ၆၀၀ ခန့်ရှိခဲ့ရာမှ ယခု အင်အား ၁၂၀၊ ၁၄၀ ခန့်သာရှိနေခြင်း၊ တောင်ပိုင်းတိုင်းလက်အောက်ခံ တပ်ရင်း (၈၄)နှင့် တပ်ရင်း (၉)အပါအဝင် အ မြှောက်တပ်ရင်းသုံးခုပေါင်းမှ အင်အား ၁၀၀ ပင်မကျော်သည့်ဖြစ်စဥ်များမှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်ထားသည်။

ထို့ကြောင့် PDF များအား လက်နက်အပ်၍ ပြည်သူဘဝပြန်လည်ရယူကြရန် ပြောဆိုသူများသည် အရင်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဖိတ်ခေါ်လိုက်ကြောင်းဖော်ပြသည်။

PDF များလက်နက်ချရေးနှင့် ပြည်သူဘဝပြန် လည်ရယူရေးနှင့်စပ်လျဥ်းပြီး တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ ထုတ်ပြန်ရာတွင် ဗိုလ် ချုပ်ဇော်မင်းထွန်းကိုဦးတည်၍ထုတ်ပြန်ထား​ပြီးစစ်ကောင်စီဘက်မှ လက်နက်အပ်နှံရေးကိစ္စအား စာထုတ်ထားသည်မှာ ဇော်မင်းထွန်းဦးဆောင်သော သတင်းထုတ်ပြန်ရေးအဖွဲ့အမည်ကို အသုံးပြုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

"လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိုင်ရန် ပြည်သူတို့၏ အကူအညီများလိုအပ်လျက်ရှိပါသည်"ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

News

အာဏာလုစစ်​ကောင်စီအမိန့်ဆန်ကျင်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သောစစ်သားနှင့်ရဲ တစ်​သောင်းခွဲမှ နှစ်​သောင်းအတွင်းရှိ​လာပြီဖြစ်ပြီး အများစုမှရဲတပ်ဖွဲ့ဝင်များဖြစ်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရကထုတ်ပြန်ထားသည်။

News

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။