Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

MRA၏ အမျိုးသမီးစစ်သည်စခန်းကိုစီးနင်းဖျက်ဆီး​သောစစ်​ကောင်စီတပ်ကို ဒရုန်းဖြင့်ပြန်တိုက်ရာ ၂ဦး​သေ

မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုး​ဆော်သည်။

(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)
(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)

အမျိုးသမီးစစ်သည်များ​ဘေးလွတ်ရာတိမ်း​ရှောင်နိုင်ပြီးစစ်တပ်ကပြည်သူကိုဓါးစာခံလုပ်ထား၍ မိုင်းမဆွဲနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်​တွင် အမျိုးသမီးစစ်သည်စခန်းအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့သည့်စစ်​ကောင်စီတပ်အားဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သား ၂ဦးသေဆုံးခဲ့သည်ဟု မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က သတင်းထုတ်ပြန်သည်။

ဇွန်လ၁၁ရက်နံနက်ပိုင်းကမြောင်နယ်အတွင်းစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အားမြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) စခန်းဌာနခွဲ( ၂) (အမျိုးသမီးစစ်သည်စခန်း)အား ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း MRAက အသိပေးသည်။

(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)
(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)

အမျိုးသမီး စစ်သည်များမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းစဥ် ပြည်သူများအား ဓါးစာခံအဖြစ် ခေါ်ဆောင်လာသောကြောင့် မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း မပြုဘဲ ခြုံအတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားနှစ်ဦးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တပ်သားနှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း MRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့တိုက်ခိုက်မခံရစေရန်ပြည်သူများအား ဓါးစာခံအဖြစ် အသုံးချလေ့ရှိပြီး ထိုသို့ဖမ်းဆီးအသုံးချခံထားရပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်ရန်အခက်အခဲရှိကြောင်း၊ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်ရှားကြရန် MRAကသတိပေးသည်။

မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုး​ဆော်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

သတင်း

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

သတင်း

ကန်ပက်လက် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏လိုအပ်ချက်အရထုတ်ပြန်ချက်များကိုတသွေမတိမ်းဆက်လက် လိုက်နာပေးကြပါရန်လည်း ကန်ပလက် CDFက ထုတ်ပြန်သည်။

သတင်း

ကိုင်းမ ကျေးရွာတွင် နေအိမ်၁၀လုံး၊ နှောကုန်းရွာတွင် နေအိမ် ၅၂လုံး၊ လျော်ဖြူကုန်းရွာမှ နေအိမ် ၁၁၈ လုံးနှင့် စပါးကျည် ၃၅လုံး၊ ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊ အလယ်ခုံ ကျေးရွာမှ ဘုန်းကြီးကျောင်း၁ ကျောင်းနှင့် နေအိမ် ၁၆၄လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း...