Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှိမ္မကားရဲစခန်းနှင့်စခန်းဝန်းကျင်ကို PDFများနှစ်ကြိမ်တိုက်ခိုက် စစ်​ကောင်စီတပ်သား ၆ဦး​သေ

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။
ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားရဲစခန်းနှင့် အနီးဝန်းကျင်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား၆ဦးသေဆုံးကြောင်းဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယနေ့(ဇွန်လ ၁၂ရက်နေ့)ညနေ (၃) နာရီခန့်တွင် ပူးပေါင်းအဖွဲ့များက ရှိန်းမကား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ရဲစခန်းအတိုက်ခံရသဖြင့် အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ)မှ Mi-35 ရဟတ်ယာဥ်ဖြင့် ညနေ (၆) နာရီခန့်တွင် တရစပ် လာရောက် ပစ်ခတ်သောကြောင့်စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။
ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။

ထို့အပြင်ယနေ့နံနက်ပိုင်းကလည်း ဝက်လက်မြို့နယ် ရှိန်းမကားတောင်ဘက် ဘေးမဲ့တောအနီးရှိ တဲများကို စစ်​ကောင်စီတပ်ကမီးရှို့နေစဥ် မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထိုသို့ တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။

အဆိုပါစစ်ဆင်ရေးများအား တောကြီးမြွေပွေး၊လျှပ်စီး‌ပြောက်ကျား-ဝက်လက်၊ GZ Special Task Force၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊Adventure၊Tiger King ၊ဒေါင်းစစ်သည်၊စဥ့်ကူးပ.က.ဖ ၊မတ္တရာ ပ.က.ဖ နှင့် ဒေသတွင်းPDFများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ၎င်းတို့က အသိပေးသည်။

ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။
ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။

ဒဏ်ရာရPDF ရဲ​ဘော် သုံးဦးမှာသက်သာ​ကြောင်းမတ္တရာ ပကဖ မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ရှိမ်းမကားရွာအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ လှတော၊ ရွှေကျင်၊ ဥယျာဉ်မ၊ သန်းတောကြီး၊ မဲကုန်း၊ ကျီးရည်းကုန်း အစရှိသည့်ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်း​ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

သတင်း

မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုး​ဆော်သည်။

သတင်း

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

သတင်း

ကန်ပက်လက် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏လိုအပ်ချက်အရထုတ်ပြန်ချက်များကိုတသွေမတိမ်းဆက်လက် လိုက်နာပေးကြပါရန်လည်း ကန်ပလက် CDFက ထုတ်ပြန်သည်။