Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်​ရေကြီး​စဥ်​ရေ​ဘေးသင့်သူများကို KIA/PDF ပူး​ပေါင်းတပ်ကကူညီကယ်ဆယ်​​ရေးလုပ်​ပေး

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ
ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ

ဖားကန်မြို့ နယ် ဆယ်ဇင်းရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေ၍ ဒေသခံရေဘေးသင့်ပြည်သူများကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်က ကူညီကယ်ဆယ်​​ရေးလုပ်ပေးခဲ့ကြသည်။

ဆယ်ဇင်းကျေးရွာသည် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) အခြေစိုက်ရာဒေသဖြစ်ပြီး သုံးရက်ဆက်မိုးကောင်းပြီးနောက် ယနေ့(ဇွန် ၁၂) ရေဘေးကြုံတွေ့ရခြင်းဖြစ်သည်။

“လူထိခိုက်မှုတော့ မရှိဘူး။အရေးပေါ်ပြောင်းရရွှေ့ရတာတွေနဲ့လတ်တလော စားနပ်ရိက္ခာအတွက်ကေအိုင်အေနဲ့ PDFတပ်ဖွဲ့ဝင်တွေလာကူညီပေးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆယ်ဇင်းကျေးရွာသည် ဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေပြီး ရွှေတူးလုပ်ငန်းအများအပြားရှိသည့် ဒေသဖြစ်သည်။ လတ်တလော ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ သုံးရာခန့် ဘေးလွတ်ရာတွင် ယာယီတိမ်းရှောင်နေရသည်။

ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ
ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

လွန်ခဲ့သည့် သုံးရက်ကပင် ​ဖားကန့်တွင် ​ကျောက်စိမ်းတူးပြီးစွန့်ပစ်ထား​သောကျင်းအတွင်း ကားပြုတ်ကျ၍ လသားအရွယ်က​လေးငယ်အပါအဝင် မိသားစုဝင်သုံးဦး ​ပျောက်ဆုံး​နေပြီး ကားမှာ ​​ရေအနက် ၈၀ ကျော်မှ ပြန်လည်ဆည်ယူရခဲ့သည်။ မိသားစုဝင်သုံးဦး ​ပျောက်ဆုံး​နေသည်မှာ သုံးရက်ရှိပြီဖြစ်၍ အသက် ရှင်လွန်​မြောက်ရန် ​မျှော်လင့်ချက်မရှိသ​လောက်ဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

သတင်း

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

သတင်း

ဇွန်လ ၁၂ရက် နံနက် ၁၀နာရီခန့်တွင် ကင်းပုန်းဝင်ရန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို အင်းတော်မြို့နယ် မော်လူးနှင့် နန့်စီးအောင်ကြားလမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

“အရင်တုန်းကတော့ မပါဘူး။ ဒီတစ်ခေါက် ပထမဆုံး ပေါ့ စစ်တပ်တွေ ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့အခါကျတော့လိုသလို သုံးတာပေါ့။ အချင်းချင်း ကချင်လူမျိုးစု ပဲ သေအောင်တမင်ဖန်တီးပြီး ကိုယ့်တိုင်းရင်းသားအချင်း ချင်းတိုက်ကြအောင် ပုံဖော်တဲ့အနေအထား”ဟု ကချင်ဒေသခံက ပြောသည်။