Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူနယ်တွင်ယမန်​နေ့တစ်​နေကုန်နီးပါးတိုက်ပွဲစစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားဟု မြို့လှKPDFထုတ်ပြန်

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

(ကချင်​​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KPDF)
(ကချင်​​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KPDF)

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့က တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် များပြားခဲ့ကြောင်း မြို့လှ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၅၀ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူထပ်မံ ရောက်ရှိလာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ ၁၂ရက် ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ်သတင်းများကို ဆက်လက်ဖော်ပြမည်ဟု အသိပေးထားသည်။ စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။ စစ်​ကောင်စီကလည်းတိုက်ပွဲသတင်းများကိုသတင်းအ​မှောင်ချထား​လေ့ရှိပြီး အထူးသဖြင့် ၎င်းတို့အထိနာလျှင် ထုတ်ပြန်​လေ့မရှိ​ပေ။

မြို့လှ KPDFသည် ဒေသတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီသင်္ဘောများကို မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ် ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုး​ဆော်သည်။

သတင်း

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

သတင်း

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

သတင်း

ကန်ပက်လက် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏လိုအပ်ချက်အရထုတ်ပြန်ချက်များကိုတသွေမတိမ်းဆက်လက် လိုက်နာပေးကြပါရန်လည်း ကန်ပလက် CDFက ထုတ်ပြန်သည်။