Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၉ဦး​သေ

တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

စော်ဖျားကျေးရွာ
စော်ဖျားကျေးရွာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၉ဦးသေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများက ​ပြောသည်။

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့(ဇွန် ၁၃ ရက်) နေ့လယ် ၁၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နှက်ကြီးငယ်များဖြင့် ပြန်လည်ခုခံခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ယာဥ်များကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ တပ်သား ၉ဦးထက်မနည်း သေဆုံးပြီး လက်နက် ၁လက် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

“အခုစော်ဖျားဘက်ကို မြေတင်ကားတွေနဲ့ ပျူစောထီးတွေကော စစ်ကောင်စီတပ်က အင်အားဖြည့်နေတယ်။ ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား စစ်ရေးအလွန်တင်းမာနေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်လည်း ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သတင်း

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

သတင်း

မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း

KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(​ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ...