Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက် CDFနှင့်စစ်ကောင်စီတပ် ၅ရက်ဆက် တိုက်ပွဲဖြစ်

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

(CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDFကန်ပက်လက်)
(CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDFကန်ပက်လက်)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပက်လက်ချင်းကာကွယ်ရေးတပ်(CDF)ကသတင်းထုတ်ပြန်သည်။

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ်တို့သည်ဇွန်လ၉ရက်မှစ၍တိုက်ပွဲများ နေ့စဉ်ဖြစ်ခဲ့ရာယနေ့မနက်တွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ ဇွန် ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့သည့် ကန်ပက်လက်မြို့နယ် အံပုံကျေးရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာရှိ ပြည်သူလူထု အနေအိမ်များကို ဖောက်ထွန်းပြီး ပစ္စည်းများ ခိုးယူခဲ့ပြီး လာရာလမ်းအတိုင်း ပြန်လာရာ CDF ရဲဘော်များနှင့် ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်မကွေးတိုင်းဒေသရှိ အောက်လက်မွန်ကျေးရွာနှင့်ကျောက်စစ်ကျေးရွာများဖက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ်သည် ဇွန်လ ၉က်တွင် တိုက်ပွဲစတင်ခဲ့ပြီး ဇွန်လ ၁၀ရက်တွင် ကန်ပက်လက် CDF တပ်ရင်း(၂)၏ တပ်စခန်း နေရာကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ကန်ပက်လက် CDF တပ်များက အဆိုပါ တပ်စခန်းနေရာသို့ သွားရောက်တိုက်ခိုက်ခြင်း၊ ကန်ပက်လက်မြို့ပေါ်သို့ ပြောက်ကျားစစ် ဆင်နွှဲခြင်း လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သတင်း

တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

သတင်း

မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း

KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(​ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ...