Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်အား KNLA/PDF ပူးပေါင်းတပ်တိုက်ခိုက် ၊စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(​ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(KNLAတပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-TOKN)
(KNLAတပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-TOKN)

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်မဟာ(၂)တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KNU တောင်ငူခရိုင်အတွင်း သတင်းများဖော်ပြနေသည့် Taw Oo Karen News က ဖော်ပြသည်။

KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(​ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီတပ် ၃ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့က ၄၀မမ ဖြင့် ပစ်ခတ်ခဲ့ရာမှစ၍အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း တပ်ဖွဲ့ဝင် တစ်ဦး၏ပြောကြားချက်ကိုလည်းဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သတင်း

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

သတင်း

တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

သတင်း

မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။