Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်တွင် အင်အား၁၀၀ခန့်ပါ စစ်ကြောင်းကို PDF သုံးဖွဲ့ပေါင်းပြီး ပဒေသာမိုင်းဖြင့် တိုက်ခိုက်

ရေစကြုမြို့နယ် ကျောက်ဖူး​ကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် တပ်ရင်း (၁)သင်တန်းအမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်၊ ဓာတ်ပုံ - ​ရေစကြို PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် တပ်ရင်း (၁)သင်တန်းအမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်၊ ဓာတ်ပုံ - ​ရေစကြို PDF)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) သုံးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများကြောင်း ရေစကြို PDFက သတင်းထုတ်နြပ်သည်။

ရေစကြိုမြို့နယ် ကျောက်ဖူး​ကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအရေအတွက်ကို စုံစမ်းနေကြောင်း ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် PDF ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDF၊ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း MNDAA တပ်ဘက်က ထိခိုက်ကျဆုံး ဒဏ်ရာရမှုမရှိကြောင်း ၎င်းကဆက်ပြောသည်။

သတင်း

တိုက်ပွဲမှာ ယမန်နေ့ နံနက် ၆ နာရီ ၁၅မိနစ်ခန့်ကစ၍ အပြင်းအထန်ဖြစ်ပွားခဲ့ကာ နေ့လည် ၁၂ နာရီခန့်အထိ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

“ရန်သူဘက်ကလည်း စခန်းတစ်ခုနဲ့ တစ်ခုကလည်း ဘယ်လိုပြောရမလဲ အပြင်မထွက်ရဲဘူးလေ။ မထွက်ရဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က အလစ်အငိုက် စီးနင်းတိုက်ခိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။