Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIA နှင့် အင်းတော် PDFပူးပေါင်တိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ၉ဦး​သေဟုဆို

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

(အင်းတော် PDF မှ ရဲဘော်များအား ​တွေ့ရစဥ်)
(အင်းတော် PDF မှ ရဲဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIAနှင့် အင်းတော် PDFပူးပေါင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကြောင်း Indaw Revolution က အသိ​ပေးထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၄ ရက်)နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် စစ်ထိုးလာပြီးနောက် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“မြေပြင် သတင်းအရ ရန်သူအင်အားက ၉၀ကျော်တယ်။တပ်မ (၈၈) က KIA ရယ်၊ အင်းတော် PDF နဲ့ ဒေသခံ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်တာ။ တိုက်ပွဲကြာချိန် ၄ နာရီကျော်တယ်”ဟု Indaw Revolution တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သေဆုံးထိခိုက်ခဲ့သည့် စစ်ကောင်စီတပ်သားများကို စစ်ကောင်စီတပ်က ပြန်လည်သယ်ဆောင်သွားပြီး မဲဇာဒေသတွင် တပ်စွဲထားသည်ဟု ၎င်းက အသိပေးသည်။

KIAနှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း Indaw Revolutionက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

သတင်း

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

သတင်း

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။