Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအရာရှိအချို့ကို ဖမ်းထားပြီး အကျဉ်းသားချင်းလဲလှယ်လိုကြောင်း AAပြော

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

AA
AA

▪️AAထံ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သား ရာနှင့်ချီရှိဟုဆို

စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ပြုလုပ်လာ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးထားပြီး အကျဉ်းသားအချင်း ချင်း လဲလှယ်လိုကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြာသည်။

စစ်ကောင်စီဘက်က AA တပ်ဖွဲ့ဝင် နေအိမ်များကို ညအခါ ဝင်ရောက်ဖမ်းဆီးခြင်း အပါအဝင်ယခု ဇွန်လနှင့် ပြီးခဲသည့် မေလက AA တပ်ဖွဲ့ဝင်အချို့ အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

ယင်းအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးခဲ့ရာ ၎င်းတို့ကို မနှိပ်စက်ဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

“ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတာ မြန်မာစစ်တပ်ဘက်က အရာရှိ အချို့ရှိပါတယ်”ဟု ဦးခိုင်သုခက ပြော သည်။

အကျဉ်းသားအချင်းချင်း လဲလှယ်ရေး ကြားလူမှတဆင့် ညှိနှိုင်းနေသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများ AAထံတွင် ထွက်ပြေးခိုလှုံလာသူ ရာနှင့်ချီရှိနေသည်ဟု ဦးခိုင်သုခက ပြောကြားကြောင်း Western News က ဖော်ပြသည်။

“AA ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား တွေဟာ အရေအတွက် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ အဲဒီလူတွေကို တက်နိုင်သမျှ လူသားချင်း စာနာမှု အပြည့်နဲ့ ကျနော်တို့ ကူညီပေးနေတာတွေ ရှိပါတယ်။ လူအရေအတွက် အတိအကျကိုတော့ ကျနော်တို့ ထုတ်ပြောဖို့ မရှိဘူး။ ဒါပေမဲ့ ထွက်ပြေးလာတဲ့ သူတွေ ကျနော်တို့ဆီကို ရောက်လာတယ်ဆိုရင်တော့ ကျနော်တို့က အကောင်းဆုံး ကူညီတာတွေ နေရာချထားပေးတာတွေ အဲဒါတွေကို ကျနော်တို့ဖက်က လုပ်ဆောင်ပေးနေတယ်”ဟု ဦးခိုင်သုခက ပြောကြားကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

သတင်း

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။