Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းကိုPDFများနှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

(မန္တလေး-မုံရွာလမ်းပေါ် ဖြတ်သန်းသွားလာနေသောစစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မန္တလေး-မုံရွာလမ်းပေါ် ဖြတ်သန်းသွားလာနေသောစစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တန်းအားမဟာမိတ်အဖွဲ့များကနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMUအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုယာဥ်တန်းမှ (၂)စီးမြောက်ကားအားမိုင်း၃လုံးဖြင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကားခေါင်းပိုင်းအားထိမှန်ခဲ့သည်ဟုBlack Eagle Defence Force-MMUအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နံနက် ၁၁ နာရီ ၄၃ မိနစ်ခန့်ကလည်း ၄င်းယာဥ်တန်းအား ဘိုးမင်းကြီးကင်းကျေးရွာ နှင့် ဂွေးပင်တောကျေးရွာကြားတွင်မိုင်းများဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ(၄)စီးမြောက်ကားအား ထိထိမိမိထိမှန်ခဲ့ကြောင်း၊အကျအဆုံးနှင့် ဒဏ်ရာရအခြေအနေ မသိရသေးဟု Black Eagle Defence Force-MMUကဆိုသည်။

အထက်ပါစစ်ဆင်ရေးနှစ်ခုအား မြင်းမူမြို့ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ဆင်ရေးများတွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

ဇွန်လ ၁၁ ရက်နေ့ညနေပိုင်းကမြင်းမူမြို့နယ် တောချောင်းဦးကျေးရွာ ရဲကင်းစခန်းကို GTR MMU ၊Zarmini Revolution Force၊စစ်ကိုင်းခရိုင်တပ်ရင်း(၁)မဟာမိတ်၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဝင် ၂ ဦးသေဆုံးခဲ့ကြောင်းGTRMMUအဖွဲ့ကထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

သတင်း

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။