Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ရွာတွင် စစ်​ကောင်စီတပ်စခန်းချပြီး ပြည်သူများအားနှိပ်စက်​နေ၍ ဂန့်​ဂေါ – က​လေးလမ်းပိုင်းအား သွားလာခြင်းမပြုကြရန် PDF သတိ​ပေး

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

ကန်ရွာတွင် စစ်​ကောင်စီတပ်စခန်းချပြီး ပြည်သူများအားနှိပ်စက်
ကန်ရွာတွင် စစ်​ကောင်စီတပ်စခန်းချပြီး ပြည်သူများအားနှိပ်စက်

အကြမ်းဖက် စစ်​​ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာအတွင်း စခန်းချပြီး ကျေးရွာ​နေပြည်သူများကို ဖမ်းဆီး နှိပ်စက်နေခြင်းကြောင့် ဂန့်ဂေါ – ကလေးလမ်းပိုင်းအား ခရီးသွားလာခြင်းမပြုကြရန် PDF ဂန့်​ဂေါက သတိပေးထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် ဇွန်လ ၁၂ ရက်တွင် သာကောင်းကျေးရွာ၌ ပေါင်းစည်းပြီး လက်ရှိတွင် ကန်ရွာတွင်း စခန်းချနေထိုင်ကာ အပြစ်မဲ့​ဒေသခံ ပြည်သူများကို ဖမ်းဆီးခြင်း၊နေအိမ်များကို မီးရှို့ခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်လျက်ရှိသည်ဟု PDF ဂန့်ဂေါက ထုတ်ပြန်ထားသည်။

Public Service Announcement

စစ်ကောင်စီတပ်သားများသည် ကျောက်ဂူတောရအနီးတွင် ကင်းပုန်းများချကာ တပ်ဖြန့်ထားသောကြောင့် ဂန့်ဂေါ – ကလေးလမ်းပိုင်းကို သွားလာခြင်းမပြုကြရန်လည်း သတိပေးထားသည်။ ထို့အပြင် အဆိုပါစစ်ကြောင်းများနှင့် ဝေးရာတွင် နေထိုင်ပေးကြရန်လည်း သတိပေးထားသည်။

အဆိုပါစစ်ကြောင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တပ်ရင်းများနှင့် ဇွန်လ ၉ ရက်က ရေရှင်ရွာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ဦး ကျဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

သတင်း

ဇွန် ၁၂ ရက်ကတောင်သာ-မြင်းခြံလမ်းပိုင်းတမံကြီးရွာနှင့်နန်းမြင့်ရွာအကြားတွင်စစ်ကောင်စီတပ်ရှေ့ပြေးရဲကားတစ်စီးကို မိုင်းခွဲ့တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်လေးဦးဒဏ်ရာပြင်းစွာရရှိသွားကြောင်းဖော်ပြသည်။